part-7

35 6 2
                                    


Unicode

စစ်ပိုင်နှင့် သားသားတို့ နှစ်ယောက် ပြန်အဆင်ပြေကာ နေ့တိုင်းကျောင်းသို့အတူသွားအတူလာကြသည်။ ဒီလိုနှင့် တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးကာ ကျောင်းပိတ်ချိန် နွေရာသီသို့ တဖန်ရောက်ရှိလာပြန်သည်။ ဆယ်တန်းတတ်ရမည်ဖြစ်သောကြောင့် ကိုယ်စီကိုယ်စီ စာကြိုကြည့်နေကြသဖြင့် အချင်းချင်း မတွေ့ဖြစ်ကြတော့ပေ။

ဒီလိုနှင့် ကျောင်းတတ်ချိန်သို့ ရောက်ရှိလာသည်။ အရေးကြီးသည့်အတန်းဖြစ်သည်မို့ စာကိုဂရုတစိုက် သင်ကြားကြသည်။ စစ်ပိုင် နှင့် မေကတော့ တကျောင်းလုံး top 3 ဝင်သူပီပီ စာကိုအသဲအသန်ကြိုးစားကြသည်။
သားသားနှင့်ထွန်းလင်းကတော့ ပုံမှန်အတိုင်းသာနေကြသည်။ မင်းခန့်ကတော့ ရေကူး​ပြိုင်ပွဲရှိနေသည်မို့ ကျောင်းသို့သိပ်မလာပေ။

စာမေးပွဲဖြေတိုင်း စစ်ပိုင်နှင့်မေကအမြဲအမှတ်ကောင်းပေမဲ့ သားသားကတော့ ဘာသာတိုင်းကျသည်။ စာကိုသေချာလိုက်မလုပ်သောကြောင့် ဆရာ ဆရာမများက မကြာခနဆူပူလေ့ရှိသည်။ အိမ်စာလဲမလုပ် စာသင်နေရင်လဲ သေချာလိုက်မကြည့်သောကြောင့် ဆရာမတိုင်း ဆူတာ ခံရလေ့ရှိသည်။ စာမေးပွဲဖြေတိုင်း မိဘအခေါ်ခံရသည်။

ဆရာမ....'' အမတို့ကိုလဲ အားနာပါတယ်ရှင် ခနခနခေါ်နေရတာ အမသားရဲ့လုပ်ပုံကိုလဲ ကြည့်ဦး အတန်းထဲမှာစာလဲသေချာလိုက်မသင်ဘူး အိမ်စာပေးရင်လဲ မလုပ်ဘူး စာလဲ မရဘူး ဒီပုံစံအတိုင်းဆို စာမေးပွဲ အောင်မှာ မဟုတ်ဘူး "

သားသားအမေ...." ကျမလဲ ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး ဆရာမရယ်.. "

ဆရာမ.......'' သားသားက ဉာဏ်ကောင်းပါတယ် စာလုပ်ရင်ရရဲ့သားနဲ့ မလုပ်တာ အခုက ဆယ်တန်းဆိုတော့အရေးကြီးနေပြီ "

သားသားအမေ.....'' ကျမလဲ စိတ်အပြောင်းအလဲလေး ဖြစ်သွာအောင် ကျောင်းပြောင်းပေးရမလားလို့ စဥ်းစားနေတာ သူ့အဖွားတွေရှိတဲ့ နယ်ဘက်ကို ပြောင်းပေးမလို့ ဆရာမ.. ''

ဆရာမ.... '' နယ်ဆိုတော့ အပေါင်းအသင်း သိပ်မရှိတော့ စာလုပ်ဖြစ်မှာပါ ''

ထိုသို့ပြော​ေနသည်ကို ဆရာမထံသို့ စာအုပ်များယူလာပေးသည့် စစ်ပိုင်ကြားသွားသည်။

မသိဘူး ချစ်တယ် Where stories live. Discover now