Unicodeမကြာမီ ဆရာမအား ကူညီပြီး အလုပ်များပြီးသွားသည်။
စစ်ပိုင်....." ဆရာမ သားလုပ်လို့ပြီးပြီ အတန်းထဲ ပြန်တော့မယ် ဗျ "
ဆရာမ..... ." ပြီးသွားပြီလား ကျေးဇူးပါ သားရယ် သွားသွား အခန်းထဲ စာသွားလုပ်တော့ "
စစ်ပိုင်....." ဟုတ်ဆရာမ သားသွားတော့မယ်နော် "
သားသား အမေ......" သားရောက်နေတာလား သားသူငယ်ချင်းရော အခန်းထဲ မှာလား "
စစ်ပိုင်...." ဟုတ်အန်တီ သားက ဆရာမကို ကူပေးစရာရှိလို့ သားသွားလိုက်ဦးမယ် အန်တီ "
ဆရာမ...... " စစ်ပိုင်က အရမ်းတော်တယ် အားလဲကိုးရတယ် စာလဲပြောစရာမရှိအောင်တော်တယ် ပြောစကားလဲ နားထောင်တယ် "
သားသားအမေ...." စစ်ပိုင်က ငယ်ငယ်ထဲက တော်လိုက်တာ ပြောစရာမရှိဘူး ကျမ သားနဲ့များကွာပါ့ ဘယ်လိုလုပ်ပြီး သူငယ်ချင်း ဖြစ်နေလဲတောင်မသိဘူး "
စစ်ပိုင်အခန်းထဲပြန်ရောက်သည်ထိ စဥ်းစားနေသည့်အဖြေကိုရှာမတွေ့ပေ။ သားသားကျောင်းမပြောင်းစေရန် တားရမည့်နည်းလမ်း စဥ်းစားနေမိသည်။ သားသားကတော့ အေးဆေးစွာ ထိုင်နေသည်။ စစ်ပိုင် ရင်ထဲပူနေသည် ဘာလုပ်ရမှန်းမသိအောင်ကို ပြာယာခတ်နေသည်။ ထိုအချိန်တွင် အပြင်မှကျောင်းသားတစ်ယောက် သားသားအားလာခေါ်သွားသည်။
other stu... ..".သားသားဆိုတာ ဘယ်သူလဲ ဆရာမက နားနေခန်းထဲ လာခဲ့ပါဦးတဲ့ "
သားသား....." ဪ သိပြီ အခုသွားလိုက်မယ် "
သားသားစိတ်မပါစွာနှင့် ထသွားခဲ့သည်။ မေ ထွန်းလင်း နှင့် မင်းခန့်က အံသြသွားသော်လည်း စစ်ပိုင်ကမူ မအဲ့သြနိုင်ပေ။
မေ....." ဆရာမက ဘာလုပ်ဖို့ သားသားကိုခေါ်တာလဲ "
ထွန်းလင်း..... " ထုံးစံအတိုင်း စာမလုပ်လို့ ဆူမလို့ဖြစ်မှာပေါ့ "
စစ်ပိုင် ဂနာမငြိမ် ဖြစ်နေသည်ကို မေမြင်သွားသည်။
မေ...." စစ်ပိုင် နင်သိတယ်မလား ဆရာမ ဘာလို့ သားသားကို ခေါ်လဲဆိုတာ "