part(5)

42 11 2
                                    

Unicode

ဒီနေ့ ပျော်ပွဲစား ထွက်ကြမည့်နေ့ဖြစ်သည်။ သားသားသည် အိပ်ယာကနေ အစောကြီးနိုးနေသည်။ သူစီစဥ်ထားသည့်ပျော်စရာကိစ္စလေးဖြစ်လာတော့မည်ကို တွေးပျော်နေသည်မို့ ညကလဲ တော်တော်နှင့် အိပ်မပျော်သော်လည်း မနက်ရောက်ပြန်တော့ အစောကြီး နိုးနေပြန်သည်။ ကျောင်းသို့၈နာရီမှ အရောက်သွားရမည် ဖြစ်သော်လည်း ၆နာရီထဲက နိုးနေသည်။ ခါတိုင်းနေ့ ကျောင်းသွားလျှင် ကျောင်းတတ်ခါနီးနာရီဝက်အလိုမှထကာ ကျောင်းကိုအပြေးအလွှားသွားတတ်သည်။ ဒီနေ့တော့ ကျောင်းကို အစောကြီး ရောက်နေသည်။ မင်းခန့်ကတော့ ပြိုင်ပွဲနီးနေသောကြောင့် ​​​ရေကူးလေ့ကျင့်နေရသည်မို့ ပျော်ပွဲစား ထွက်ရန်မလာနိုင်ချေ။ သားသားအား လာခဲ့မည်ဟု ဂတိပေးထားသောကြောင့် ရေကူးလေ့ကျင့်ပြီးသည့်အချိန်တွင် လိုက်လာမည်ဟု သားသားအား message ပို့လိုက်သည်။

သွားရန်လူမစုံသေးသဖြင့် ကားဘေးနားတွင်ရပ်၍ စောင့်နေကြသည်။ ခနအကြာ ​ေမရောက်လာသည်။ ထို့နောက် ထွန်းလင်း ရောက်လာသည်။

မေ...'' ဒီနေ့ ဝီရိယတွေ ကောင်းနေပါ့လား အစောကြီးပဲ ရောက်နေတယ်..''

ထွန်းလင်း.... ''ဟုတ့်ပါ့ ထူးထူးဆန်းဆန်း မင်းက အစောကြီးတွေ ဘာတွေရောက်လို့ပါလား...''

သားသား...'' မင်းတို့က မသိတာလဲ မဟုတ်ဘဲနဲ့ ။ မေးနေပြန်ပီ..''

မေ...'' ဒါနဲ့ မင်းခန့်ရော မရောက်သေးဘူးလား.. ''

သားသား...'' မင်းခန့်က training ရှိလို့ နောက်ကျမယ်တဲ့ ငါ့ကို message ပို့တယ်..."

မေ...''အော်....ဟုတ်လား..''

ထွန်းလင်း... '' ဒါနဲ့ စစ်ပိုင်ရော.. ''

သားသား...'' ဟိုနားမှာ ဆရာမတွေကိုကူညီနေတယ်''

မေ...''.ငါလဲ ဆရာမနားသွားလိုက်ဦးမယ် ကူညီစရာများရှိမလားလို့..''

သားသား.... '' အေးသွားလေ..''

ထွန်းလင်း... '' မင်းတို့အတူတူလာကြတာလား...''

သားသား.....'' ဟုတ်တယ်.. သူ့စက်ဘီးနဲ့ လိုက်လာတာ.''

ထွန်းလင်း... '' မင်းတို့ဘဲသာယာကြပါတယ်ကွာ..ငါ့မှာတော့ ငါဘယ်လောက်ပြောပြော မေက ငါစနေတယ်ဘဲ ထင်တာ ငါအတည်ပြောနေမှန်းမသိဘူး..''

မသိဘူး ချစ်တယ် Where stories live. Discover now