Unicodeနောက်တေန့ နောက်တနေ့ကျောင်းတတ်ချိန်တွင် သားသားမျက်နှာမကောင်းပေ။ ကျောင်းသို့လဲ စစ်ပိုင်နှင့်အတူမလာဘဲ မင်းခန့်နှင့်အတူလာသည်။ စစ်ပိုင် စိတ်ထဲမကောင်းပေမဲ့လဲ အပြင်မှာတော့ မသိချင်ယောင်သာ ဆောင်နေလိုက်သည်။ မင်းခန့်သည် ပြောထားသည့်အတိုင်း တကယ်လုပ်နေသည်မို့ စစ်ပိုင်ရင်ထဲစိုးရိမ်နေသည်။ သားသားကလဲ စစ်ပိုင်ကိုရှောင်နေတော့ စစ်ပိုင်ရင်ထဲ ပိုစိုးရိမ်သွားရသည်။ သားသားသည် သူ့ကိုသာရှောင်နေပေမဲ့ မင်းခန်နဲ့တော့ တပူးပူးတတွဲတွဲနေနေသည်မို့ စစ်ပိုင်ရင်ထဲ ပြောမပြတတ်အောင် စိတ်ပူနေသည်။ သူ သားသားကို ဆုံးရှုံးရမည်ကို တဖြည်းဖြည်း ပို၍ ကြောက်နေသည်။
သားသားကိုဆုံးရှုံးရမည်ကို တွေးမိတိုင်း စားမဝင် အိပ်မပျော်ဖြစ်လာသည်။ တခါတေလ စာထဲကိုပင် စိတ်မပါတော့ပေ။ ထိုသို့ဖြစ်နေသည်ကို သူတယောက်ထဲသာ သိနေသည်။ အပြင်ပိုင်းတွင်မူ ပုံမှန်အတိုင်း နေမြဲနေသည်။ အပြက်ပိုင်းတွင်တော့ စစ်ပိုင်သည် သားသားကို စိတ်ဝင်စားဟန်မပြ။ သားသားကိုမခ်စ်ဘူးဟုသာ ထင်ကြသည်။ စစ်ပိုင် စိတ်ထဲတွင် ကမ်ဘာပျက်နေသည်ကိုတော့ မည်သူမှ မသိချေ။
ခက် စစ်ပိုင်ကို ဖွင့်ပြောပေမဲ့ စစ်ပိုင်သည် ခက်အား သူငယ်ချင်း အ်ဖစ္သာ သဘောထားသည်ဟုဆိုကာ ငြင်းဆန်ခဲ့သည်။
ခက်....''စစ်ပိုင် ငါနင့်ကိုဒီလောက်သဘောကျတာ နင့်ကရော ငါကို သဘောမကျဘူးလား.''
စစ်ပိုင်....'' ခက် ငါနင့်ကို သူငယ်ချင်း တစ်ယောက်လို ညီမလေးတစ်ယောက်လိုဘဲ သဘောထားလို့ရတယ် ငါတို့သူငယ်ချင်းလိုဘဲနေချင်တယ် နင့်မှာအခက်အခဲရှိနေရင် အရင်တုန်းကလို အချိန်မရွေး အကူအညီတောင်းလို့ရပါတယ်.''
ခက်....'' နင့်ဘက်က အဲ့လိုဆိုတော့လဲ ငါနားလည်ပါတယ်။ ငါနင်ပြန်ချစ်မဲ့အချိန်ကိုစောင့်နေပါမယ်.."
စစ်ပိုင်.....''. ......''
ခကေ္ကတာ့ တစ်နေ့စစ်ပိုင်သူ့ကိုချစ်လာမှာဘဲဆိုတဲ့ စိတ်နဲ့ အရင်လို နေမြဲအတိုင်းနေနေသည်။ စစ်ပိုင်စိတ်ထဲတွင်တော့ ခက္ကို သူငယ်ချင်းလို ညီမေလး တစ်ယောက်လိုသာ သေဘာထား၍ ခက်ပြောသမျှ လိုက်လျောပေးရှာသည်။ ထိုသို့လိုက်လျောနေခြင်းက သားသားကိုပိုပြီး အထင်မြင်လွဲသွားစေတယျဆိုတာကိုတော့ စစ်ပိုင်မသိပေ။ သားသားသည် စစ်ပိုင်နှင့် မတွေ့မိအောင် အမြဲရှောင်နေသည်။ စစ်ပိုင်နှင့် တွေ့တိုင်း အကြောင်းအမျိုးမျိုးဖြင့် ရှောင်ထွက်သွားသည်။ စစ်ပိုင်သည် သားသား သူ့ကို ဘာကြောင့်ရှောင်နေမှန်း မသိပေမဲ့ စိတ်ထဲတွင် မနေတတ်ပေ။ သားသားကသူ့ကိုသာ ရှောင်နေပေမဲ့ မင်းခန့်နှင့်တော့ အမြဲ တပူးပူးတတြဲတြဲ နေ နေသည်။ စစ်ပိုင်ရင်ထဲတွင် ပြောမပြတတ်အောင်နာကျင်ရသည်။ သို့သော်လည်း သူဘာမှမတတ်နိုင်ချေ။