Unicodeကျောင်းတတ်သည်မာ နှစ်ဝက်လောက်ပင် ကြာနေပြီဖစ်သည်။ သီတင်းကျွတ်ေကျာင်းပိတ်ရက်သို့ ရောက်လာပြီဖြစ်သောကြောင့် ကျောင်းသား ကျောင်းသူများ အပြန်အလှန် လက်ဆောင်ပေးကြ၊ ဆရာ ဆရာမ များအား ကန်တော့ကြ လက်ဆောင်ပေးကြနှင့် ပျော်ရွှင်စရာ ကောင်းနေသည်။ မေ သည်လည်း သူချစ်ရသည့် ဆရာအတွက် လက်ဆောင်ပေးရန်ပြင်ဆင်ထားသည်။ ဆရာ့အတွက် အသုံးဝင်မည်ဟုထင်သည့် အားကစားဝတ်စုံလေး လက်ဆောင်ပေးမည်ဟု စဉ်းစားထားသည်။ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေပြီးချိန်တွင် ဆရာအား ဖွင့်ပြောရန် စိတ်ကူးထားကာ အပျော်ကြီးပျော်နေသည်။
ထွန်းလင်းသည်လည်း မေ့အတွက် လက်ဆောင်ပေးရန် စိတ်လှုပ်ရှားနေသည်။ သားသားသည် စစ်ပိုင်အား လက်ဆောင်ပေးရန် စဉ်းစားရခက်နေသည်။ မကြာမီ ဆောင်းတွင်းရောက်တော့မည်ဖြစ်သောကြောင့် မာဖလာလေး လက်ဆောင်ပေးရန် စိတ်ကူးမိသည်။ သားသား၏ စိတ်ကူးနှင့် ခက်၏ စိတ်ကူးသည် မထင်မှတ်ဘဲ တစ်ထပ်ထဲကျနေသည်။ မင်းခန့်သည် သားသားအား ထွေထွေထူးထူး လက်ဆောင်ပေးရန် မစဉ်းစားထားချေ။ အကြောင်းအရင်းသည် သားသားလိုအပ်ချိန်တိုင်း လိုအပ်သည့်ပစ္စည်းမှန်သမျှ လက်ဆောင်ဝယ်ပေးလေ့ရှိသည်။ ထို့ကြောင့် လက်ဆောင်ပေးရန် မပြင်ဆင်ထားပေ။
အားလုံးအတွေးကိုယ်စီဖြင့် လက်ဆောင်ပစ္စည်းအသီးသီး ပြင်ဆင်နေကြသည်။ နောက်တနေ့မှစ ကျောင်းပိတ်မည်ဖြစ်သောကြောင့် ခရီးသွားရန် တိုင်ပင်နေသူများ ၊ အားလက်ရက်အပြည့်အဝနားရန် ပြင်ဆင်နေသူများနှင့် ဆူညံနေလျက်ရှိသည်။ မကြာမီ ကျောင်းဆင်းချိန်မရောက်ခင် အသီးသီးလက်ဆောင်ပေးကြ ဆရာ ဆရာမများအားကန်တော့ကြဖြင့် အလုပ်ရှုပ်နေကြသဖြင့် တစ်ရက်လုံး စာမသင်ဖြစ်ပေ။
မေသည် ဆရာ့အား လက်ဆောင်သွားပေးချိန်တွင် ဆရာသည် နားနေခန်းတွင် မရှိချေ။ ထို့အစား လက်ဆောင်ထုပ်လေး တစ်ထုပ်သာ စားပွဲပေါ်တွင်ရှိနေသည်။ လက်ဆောင်ထုပ်ပုံစံလေးသည် ချစ်သူများအချင်းချင်း လက်ဆောင်ပေးရာတွင်သုံးလေ့ရှိသည့် အသဲပုံ ပုံစံလေးဖြင့် အတိုင်းထက်အလွန် လှနေသည်။ မေ၏ စိတ်ထဲတွင် ဝမ်းနည်းစွာ နားနေခန်းထဲမှ ညိုးငယ်စွာထွက်လာသည်။ ဆရာ့အား သူ၏ ခ်စ်သူ လက်ဆောင်ပေးထားသည်ဟုသာ ထင်ကာ မေယူသွားသည့် လက်ဆောင်ထုပ်လေးအား ပြန်ယူလာရုံသာ တတ်နိုင်ခဲ့သည်။
မျက်ဝန်းထဲရှိ ပြည့်လျှံနေသော မျက်ရည်များ အပြင်သို့ ထွက်မကျလာစေရန် ကြိုးစားနေရသည်။ စိတ်ထဲတွင် ပြောမပြတတ်အောင်ပင် ဝမ်းနည်းနေမိသည်။ အတန်းထဲသို့ ပြန်ရောက်ချိန်တွင် ဘယ်သူ့ကိုမှ စကားမပြောမိ။ စိတ်ထဲတွင် အတွေးများနှင့်သာ ရှုပ်ထွေးနေသည်။