(part 2)

84 9 2
                                    

Unicoad

တစ်နေ့တော့ သားသားတစ်ယောက် ကျောင်း၌ ဘောလုံးကန်ပြီးအတန်းထဲသို့ ပြန်လာစဉ် လူတစ်ယောက်နဲ့တိုက်မိလေသည်။ ထိုသူသည်အသားညိုညိ ဗလတောင့်တောင့်နဲ့ ကြည့်ကောင်းသည်။ စစ်ပိုင်လောက် မချောသော်လည်း အတော်အတန်ကြည့်ကောင်းနေပြန်သည်။

သားသား.....''လူကြီးတစ်ယောက်လုံးတောင်မမြင်ဖူးလား ဘယ်ကိုငမ်းနေမှန်းမသိဘူး ..ဖယ် ''
ဆိုပြီး ပြောသွားတဲ့ ဖြူဖြူသေးသေးချစ်စရာ ကောင်လေးကို မင်းခန့် ပြုံးပြီးကြည့်နေမိသည်။ ထိုချစ်စရာကောင်လေးကို မင်းခန့်စိတ်ထဲ၌ တိတ်တခိုးလေး ချစ်မိသွားခဲ့သည်။
*ချစ်စရာကောင်းလိုက်တာ ကောင်လေးရယ် မင်းနဲ့နောက်တစ်ခါလောက် ထပ်တွေ့ချင်မိတယ် ငါ့အသဲကို ဖမ်းစားသွားတဲ့ ကောင်လေးရယ်*

မင်းခန့်သည် ငယ်စဉ်ကတည်းက ရေကူးချန်ပီယံဖြစ်သည့် အလျောက် တောင့်တင်းတဲ့ကြွက်သား ရှည်လျားတဲ့အရပ် နဲ့ အသားညိိုညိုလေးကပင် ဆွဲဆောင်မှုရှိနေသည်။

ကျောင်းတတ်ချိန်ရောက်လာသောအခါ သားသားတို့ အခန်းထဲတွင် ကျောင်းသားအသစ်ရောက်လာသည်။

ဆရာမ...''ကလေးတို့ရေ ဒါကတော့ ဆရာမတို့ကျောင်းကို အသစ်ပြောင်းလာတဲ့ မင်းခန့်တဲ့ ''

မင်းခန့်....''ဆရာမ သားဘယ်မှာထိုင်ရမလဲ ဗျ''

ဆရာမ... ''ဟိုနားက ထွန်းလင်းဘေးက လွတ်နေတဲ့နေရာမှာ သွားထိုင်လိုက်နော် ''

မင်းခန့် ...''ဟုတ်ဆရာမ ''

မင်းခန့်သည် ထွန်းလင်းဆီသို့ လျှောက်လာစဥ် ခနက ချစ်စရာ ကောင်လေးကို တွေ့လိုက်သည်မို့ ပြုံးပြ နှုတ်ဆက်လိုက်သည်။ မင်းခန့်က ထိုကောင်လေးကို မှတ်မိသော်လည်း သားသားကမူ ရုတ်တရက်မို့ မမှတ်မိပေ။
မင်းခန့်သည် ထွန်းလင်းဘေးတွင် ဝင်ထိုင်လိုက်ပီး မိတ်ဆက်လိုက်သည်။

မင်းခန့်...''မဂ်လာပါ ကျွန်တော်က မင်းခန့်ပါ ''

ထွန်းလင်း..... '' ကျွန်တော်က ထွန်းလင်း ပါ''

ထို့နောက်တွင် ဆရာမ စာသင်နေပြီဖြစ်သောကြောင့် စာဆက်သင်လိုက်ကြသည်။

မသိဘူး ချစ်တယ် Where stories live. Discover now