Unicode9:00 Pm
အခန်းလေးထဲတွင် သူငယ်ချင်း တစ်စုနှင့် အတန်းထဲမှ အတန်းဖော်များဖြင့် လူဆုံနေကြသည်။ သီချင်းဆိုကြ ပျော်ကြရင်း အရက်အနဲငယ်သောက်ကြသည်။ စိတ်လွတ်ကိုယ်လွတ်ပျော်နေကြသည်။
12:00 Pm
အချိန်အတော်ကြာသည်အထိ ပျော်ခဲ့ကြသည်။ အိမ်ပြန်ချိန်သို့ရောက်လာသဖြင့်အသီးသီးပြန်ကုန်ကြသည်။ နောက်ဆုံး သားသားတို့ ၅ယောက်သာ ကျန်ခဲ့သည်။ ေမအား ထွန်းလင်းမှ အိမ်လိုက်ပို့သည်။
မင်းခန့်သည် သားသားအား အိမ်ပြန်လိုက်ပို့ရန် စိတ်အားထက်သန်နေသော်လည်း သူကိုယ်တိုင်ပင်မထနိုင်။မင်းခန့်အား ရေကူးဖော်တယောက်မှ လာခေါ်သွားသည်။ အကုန်မူးနေသော်လည်း စစ်ပိုင်တယောက်တော့ မမူးပေ။ မသောက်ဟုပြောလျှင်ပိုမှန်သည်။ တခွက်၂ခွက်မျှသာ သောက်ထားသည်။ သားသားသည် မူးနေသည့်အချိန် ပိုကြည့်ကောင်းနေသည်။ စစ်ပိုင်အချိန်ကြာမြင့်စွာ သားသားအားငေးကြည့်နေမိသည်။ စစ်ပိုင်နှင့်သားသား အိမ်နီးသဖြင့်အတူပြန်ကြသည်။ တစ်လမ်းလုံး ချစ်ဖို့ကောင်းနေသည့် သားသားအားကြည့်ကာ စစ်ပိုင် စိတ်အနဲငယ်ကြွလာသည်။ လည်ချောင်းမှ ရေငတ်သလိုလို ခံစားလာရသည်။ အိမ်သို့အမြန်ပြန်ရောက်ရန်သာ ကြိုးစားနေရသည်။ အိမ်ရောက်သော် သားသားအား စစ်ပိုင်အခန်းထဲသို့သာခေါ်သွားသည်။ သားသားအိမ်အားဖုန်းဆက်ကာ အကျိုးကြောင်းပြောလိုက်သည်။
စစ်ပိုင်......" Hello အန်တီလား သားစစ်ပိုင်ပါ "
သားသားအမေ......" အေး သားပြောလေ "
စစ်ပိုင်......" သားသား ကျတော့အိမ်မှာ အန်တီ မူးနေလို့ ပြန်မပို့တော့ဘူး ဒီမှာ အိပ်ပျော်နေလို့ မနက်မှဘဲ ပြန်လွှတ်လိုက်တော့မယ် "
သားသား အမေ....." ရပါတယ်သားရယ် သားကိုအလုပ်များစေပြီ "
စစ်ပိုင်..... " အဲဆို ဒါပဲနော် အန်တီ "
သားသားအမေသည် စစ်ပိုင်နှင့်ဆို စိတ်ချသည်။ ငယ်စဥ်ကတည်းက မျက်စိအောက်တွင်ကြီးလာသည်မို့ သားတယောက်လိုပင်သဘောထားသည်။