Unicoad
တစ်နေ့ ကျောင်းကို ကာယဆရာ အသစ်ပြောင်းလာခဲ့သည် အသစ်ပြောင်းလာသည့်ဆရာမာ ငယ်ငယ်ချောချောလေးနှင့် တက္ကသိုလ်တတ်နေဆေဲဖြစ်သည်။ ထိုဆရာမှာ ရုပ်ချောသည့်အပြင် သဘောကောင်းသည့်အတွက် ကျောင်းသူများကြားတွင် ရေပန်းစားနေသည်။ ထိုဆရာကို သဘောကျကြသောကျောင်းသူများထဲတွင် မေလဲ အပါအဝင် ဖြစ်နေသည်။ မေထိုဆရာကို သဘောကျနေသည်ကို သားသား တစ်ယောက်တည်းသာသိနေသည်။ ကျန်တဲ့ ၄ယောက်ကမူမသိချေ။
အချိန်ကြာလာသည်နှင့်အမျှ ခက်သည်လဲ စစ်ပိုင်ကို နှစ်သက်နေသည်ကို မကြာခနဆိုသလို အကြောင်း အမျိုးမျိုးဖြင့် သိအောင် အရိပ်အမြွတ်ပြတတ်သည်။ သားသားသည် စစ်ပိုင် ခက်ဆီပါသွာမည်ကို ကြောက်ရွံ့နေရသည်။ ခက်သည်လည်း သားသားတို့အရှေ့၌ စစ်ပိုင်ကို အမျိုးမျိုးချွဲပြသည်။ စစ်ပိုင်သည် ခက်ကို အားနာ၍သာ ခက်တောင်းဆိုသမျှ လိုက်လျောနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့လိုက်လျောနေခြင်းကို ခက်က သူ့ကိုပြန်ကြိုက်နေသည်ဟု ထင်လျက် သားသားတို့ကို မာနကြီးစွာ မတူသလိုဆက်ဆံတတ်သည်။ ခက်သည် သားသား စစ်ပိုင်ကိုကြည့်သည့်အကြည့်ထဲတွင် အချစ်ရိပ်သန်းနေသည်ကို မြင်လိုက်သည်မှစ၍ စစ်ပိုင်အား သားသားရှေ့တွင် သူနှင့်စစ်ပိုင်ရည်းစားဖြစ်နေသကဲ့သို့ ပြောဆိုဆက်ဆံတတ်သည်။ ခက်သည် သားသားကို ပြိုင်ဖက်ကဲ့သို့သဘောထားကာ သားသားမနာလိုအောင် အမြဲလုပ်တတ်သည်။
သားသားသည် စစ်ပိုင်အားဆုံးရှုံးရမည်ကို တဖြည်းဖြည်း ပိုကြောက်လာသဖြင့်စစ်ပိုင်အား ဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည်။
သားသား....''ငါစစ်ပိုင်ကိုဖွင့်ပြောတော့မယ်ဟာ..''
မေ.....''ပြောလေ တော်ကြာနေ ခက်ဆီပါသွားဦးမယ်''
ထွန်းလင်း... ''မင်း ဖွင့်ပြောချင်လဲ ပြောလိုက်လေ အနောက်မှာ ငါတို့ရှိတယ်''
မင်းခန့်...''. .........''
မင်းခန့်သည် ဘာမှဝင်မပြောပေ။ အပြင်မာသာ ပြုံးနေပေမဲ့ စိတ်ထဲမာတော့ စစ်ပိုင်သာ သားသားဖွင့်ပြောတာကို လက်ခံခဲ့ရင်ဆိုပြီးတော့ ဆက်တောင် မတွေးနိုင်ဘဲ ရင်ထဲမှာ ကမ္ဘာပျက်နေသည်။ စစ်ပိုင် လက်ခံခဲ့ရင် သူသားသားကို ဆုံးရှုံးရတော့မည် မဟုတ်လား။ အတွေးတွေ များနေပေမဲ့လဲ လက်တွေ့တွင်မူ စကားတစ်လုံးမျှ ထွက်မလာခဲ့ချေ။ မင်းခန့် ကျောင်းဆင်းတော့ အိမ်မပြန်ဘဲ ရေကူးလေ့ကျင့်ရာ နေရာသို့သာ လာခဲ့လိုက်သည်။ ရေကူးကန်ရောက်သောအခါ ရေထဲသို့ခုန်ချပြီး မရပ်မနားရေကူးနေခဲ့သည်။ ထိုအခါမှ ရင်ထဲတွင် မြိုသိပ်ထာသမျှသည် ရင်ဘက်မှ မျက်လုံးသို့ ရောက်လာပြီး မျက်ရည်အဖြစ် အပြင်သို့ ထွက်ကျ လာခဲ့သည်။