" 7 "

43 5 7
                                    

" Zawgyi "

မိုးတွေဖွဲဖွဲလေးကျနေတဲ့ အဲဒီနေ့လေးဟာ ကျောင်းပေါင်းစုံအားကစား ပြိုင်ပွဲနေ့ရဲ့ နောက်ဆုံး ဗိုလ်လုပွဲနေ့ပါ။ ဘောလုံးကို တစ်ချက်မှမထိဖူးလိုက်ပေမယ့် ငါတို့မေဂျာ ဗိုလ်စွဲတဲ့အတွက် ဂုဏ်ပြုပွဲလုပ်ကြမယ်ဆိုသော Gun၏ အကြောင်းပြချက်တွေကြား ၃ယောက်သား မုန့်စားရန် ထွက်လာခဲ့ကြတယ်။

New တစ်ယောက် မုန့်ဆိုင်သွားရာလမ်းတစ်လျှောက် ရှေ့ကနေ စကားတစ်ပြောပြောနဲ့ သွားနေတဲ့၂ယောက်ရဲ့ ကျောပြင်ကို ငေးကြည့်နေရင်း အတိတ်ကအကြောင်းတွေကို တွေးကာ ပြုံးနေမိသည်။

! အမှန်တော့ငါက ကာဗာဖြစ်ခဲ့တာလား !

အတွေးတွေနဲ့ ငေးကြည့်နေမိသည်မှာ ဘယ်လောက်ကြာနေသည်မသိ။ ပြုံးကာလှည့်ကြည့်လာသော Tay ၏ ထိတ်လန့်နေသော မျက်ဝန်းများနောက် ဟွန်းတီးသံအကျယ်ကြီး ကြားလိုက်ရပြီး မိမိခန္ဓာကိုယ် တစ်ခုလုံး လွင့်ထွက်သွားမှသာ သတိဝင်လာမိသည်။ လမ်းဘေးတွင်လဲကျနေသော မိမိထံ ပြေးလာသော Tay နှင့် Gun ကို မြင်လိုက်မှ ပြင်ပက နာကြင်မှုထက် ! မင်းတို့ ဂရုစိုက်မှုကိုရဖို့ ငါဘယ်လောက် ထပ်နာကြင်ပေးဖို့လိုသေးလဲ ! ဆိုတဲ့အတွေးက ပိုနာကြင်စေခဲ့မှန်း ကာယကံရှင် ကိုယ်သာအသိဆုံးပင်။

အခြားသူများ ဝိုင်းမပေးတော့မည့်အချိန်တွင် Tay ၏ " ရတယ်။ ကျွန်တော်ပဲ မ လိုက်တော့မယ်။ " ဟူသော စကားနောက် New တစ်ယောက် Tay ရင်ခွင်အတွင်းသို့ နောက်ထပ် ပြန်ခိုလှုံဖူးလိုက်ရသည်။

! ပထမအကြိမ်ကလို ပျော်ရွှင်ခြင်းတွေ မပါတော့ပေမယ့် ကျေနပ်ပါတယ် နောက်ဆုံးအကြိမ် ဆိုရင်တောင်ပေါ့ !

ရှိခဲ့ဖူးတဲ့ သံယောဇဉ်လေးကြောင့် မမျှော်လင့်ပေမယ့် မင်းရင်ခုန်သံကို ခိုးနားထောင်မိတယ်။ တိတ်ဆိတ်လွန်းတဲ့ မင်းနှလုံးသားလေးက ငါ့မျက်ရည်ကိုတော့ ကျဆင်းစေနိုင်တယ်တဲ့လား။

**********

ဆိုင်ကယ်တိုက်မိမှုကြောင့် ကျောင်းမသွားနိုင်တဲ့ New ဟာ အိပ်ယာပေါ်တွင်လဲရင် WP ဖတ်နေမိသည်။ သူဖတ်နေတဲ့ ဇာတ်လမ်းမှာ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မဟာ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြသော်လည်း ဇာတ်လိုက်ကို ကြိုက်နေတဲ့ သူငယ်ချင်းဖြစ်သူရဲ့ အကြောင်းကို သိသွားတာကြောင့် ဇာတ်လိုက်မဟာ သူ့ချစ်သူကိုငြင်းပြီး ထွက်ပြေးသွားခဲ့သည့်အပြင်  ဇာတ်လိုက်ကလည်း ဇာတ်လို့်မရဲ့သူငယ်ချင်းကို အရမ်းမုန်းကာ ထွက်သွားခဲ့တယ်။ ဇာတ်လိုက်ကို ကြိုက်မိတဲ့ သူ့သူငယ်ချင်းမှာလည်း တစ်ကျောင်းလုံးရဲ့ ကဲ့ရဲ့သံတွေကြားမှာ ဘာတစ်ခုမှ ဖြေရှင်းခွင့်မရဘဲ နောက်ဆုံး သတ်သေသွားခဲ့တယ်။

" ချစ်သောစံကားဖြူ "Where stories live. Discover now