" Zawgyi "
Third year ကျောင်းစတတ်သည့်အချိန်တွင် ကျရောက်သည့် New ၏ မွေးနေ့ပွဲလေးသည် Gun ၏ " မွေးနေ့ပေါင်းလုပ်ကြမယ် " ဟူသော စကား၏နောက်တွင် ရက်ပိုင်းသာကွာသော သူတို့နှစ်ယောက်လုံး၏ မွေးနေ့မဟုတ်သည့် ခရစ်စမတ်နေ့လေးမှာ ကျင်းပဖြစ်ခဲ့ကြတယ်။
ပတ်လည်ရိုက်နေသော အချစ်ဇာတ်လမ်းမှ ပထမဦးဆုံး လွှတ်မြောက်သွားသူတစ်ဦး ရှိလာခဲ့တဲ့ အမှတ်တရနေ့လေးဆိုလည်း မမှားခဲ့ပါ။
ပူပြင်းလှသောနေရောင်အောက်ရှိ ရေပြင်ပေါ်ဝယ် Off တစ်ယောက် ချွေးတစ်လုံးလုံးနှင့် လှေလှော်နေရခြင်းမှာ " မွေးနေ့လည်ရင်း လှေသွားစီးချင်တယ် " ဟူသော Gun ၏ ဂျီကျမှုကြောင့် သူတို့၎ယောက် နေပူပူထဲ လှေလာစီးနေရခြင်းပါ။ လှေကို ထိုင်စီးရုံကလွဲပြီး မလှော်တတ်တဲ့ သူတို့၃ယောက်ကြောင့် လှေလှော်ရန်တာဝန်မှာ ပေးစရာမလိုဘဲ Off ၏တာဝန် ဖြစ်သွားပါတော့သည်။
Off ခေါ်သွားသည့် ကြာကန်ဆီသို့အရောက်တွင် လမ်းတစ်လျှောက်ပူခဲ့သမျှ မေ့လျော့ကာ ၄ယောက်သား ကြာပန်းခူးလိုက် ဓာတ်ပုံရိုက်လိုက်ဖြင့် အလုပ်ရှုပ်နေကြတော့သည်။ Tay တစ်ယောက် ကြာပန်းခူးရင်း များလာသည်ထင် " New ကိုင်ထားနော် " ဟုဆိုကာ လက်ထဲသို့ လာရောက်ထည့်သွားသဖြင့် အပြန်လမ်းတစ်လျှောက်လုံး New တစ်ယောက် ကြာပန်းများ တစ်ပွေ့တစ်ပိုက်နှင့် ပြန်လာခဲ့ရသည်။
လှေစီးပြီးအပြန် Tay တစ်ယောက် New လက်ကိုဆွဲကာ Off နှင့် Gun တို့ကို မစောင့်တော့ဘဲ " New ငါတို့အရင်သွားနှင့်မယ် လာ " ဟု ဆိုလာသဖြင့် သူတို့၂ယောက် အရင်ထွက်လာခဲ့ကြသည်။ တစ်နေရာအရောက် Tay တစ်ယောက် ဆိုင်ကယ်ရပ်ရင်း "ဒီနေရာကနေ သူတို့ကို စောင့်ရအောင် " ဟုဆိုလာသည်။
Off တို့ကိုစောင့်ရင်း ပတ်ဝန်းကျင်ကိုလှမ်းကြည့်လိုက်ရာ ဒီလမ်းကိုလာဖူးသော်လည်း သတိမမူမိခဲ့သည့် နေရာလေးတစ်ခုကို တွေ့လိုက်ရသည်။ ကောင်းကင်ပြာပြာကြီး၏အောက်တွင် တောင်ကုန်းလေးတစ်ခု၊ ထိုတောင်ကုန်းလေးဆီသို့ သွားရာလမ်းတစ်လျှောက် အစီအရီ ပေါက်နေသော ထင်းရူးပင်လေးတွေ၊ တောင်ကုန်းထိပ်တွင် တစ်ထပ်တိုက်လေးတစ်လုံးနှင့် ဘေးနားတွင် လေတိုက်လိုက်တိုင်း ပန်းပွင့်လေးတွေ ခြွေချပေးနေသော စကားပင်လေးတစ်ပင်၊ ထိုမြင်ကွင်းမှာ လှပလွန်းသဖြင့် ဘေးနားတွင်ရှိသော Tay ကိုပင် မေ့လျော့သွားရလောက်အောင် စွမ်းဆောင်နေခဲ့သည်မှာ "မင်းကြိုက်မှန်း ကိုယ်သိပါတယ်" ဟူသော စကားသံတိုးတိုးလေးက လေထဲကလွင့်ပျံ့လာသလို မသဲမကွဲကြားလိုက်ရမှ သတိဝင်လာခဲ့သည်။
YOU ARE READING
" ချစ်သောစံကားဖြူ "
Fanfictionကျေးဇူးပြုပြီး ကိုယ့်မျက်ဝန်းကတစ်ဆင့် ကိုယ့်ရင်ထဲကစကားသံကို မြင်အောင်ကြည့်ပေးပါလား.......??