" zawgyi "
လေအဝှေ့တွင် သင်းပျံ့စွာပါလာသော စံကားပန်းနံ့လေးက စိတ်ရော၊ နှလုံးသားပါ အေးချမ်းစေသလိုပင်။
ဒီနေ့တော့ New တစ်ယောက် Gun ၏ဂျီချမှုကို မခံရမှီ စံကားပင်အောက်တွင် ဘုရားလှူရန် ပန်းများကို ကောက်နေလိုက်သည်။ ယောက်ျားလေးတစ်ယောက်ဖြစ်ပေမယ့် စကားပန်းကို အလွန်ကြိုက်သော New ကို Gun က အမြဲစနေကြပင်။
ပုံမှန်ဆို ဓာတ်ပုံရိုက်ပေးရန် ဂျီချနေကြ Gun မှာ အခုတော့ သူငယ်ချင်းအသစ်ဖြစ်သူ Tay ကို ခေါ်ကာ ဓာတ်ပုံသွားရိုက်နေသဖြင့် စံကားပင်အောက်တွင် ပန်းကောက်နေသော New နှင့် ထိုနှစ်ယောက်ကိုငေးနေသော Off တို့သာ ကျန်နေခဲ့ကြသည်။
" သူတို့နှစ်ယောက်က လိုက်ဖက်တယ်နော် New "
ပြုံးပြုံးလေးနဲ့ငေးနေသော Off ရဲ့မျက်ဝန်းများက နာကြင်နေသလိုပင်။
" Off , ငေးကြည့်နေမယ့်အစား မင်းသွားရိုက်ပေးသင့်တယ် "
" လိုမယ်ထင်လို့လား "
" ဒါပေမယ့် မင်းကြိုးစားကြည့်သင့်တယ်လေ "
" တစ်နှစ်ရှိခဲ့ပြီ New။ သူ့ဘေးနား ငါရှိနေခွင့်ကိုတောင် အခုမှ ရခဲ့တာပါ။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ကို ငါမသိခဲ့ဘူး ထင်နေလို့လား။ "
" "
တိတ်ဆိတ်သွားတဲ့လေထုကြား ငေးကြည့်မိတဲ့ ပုံရိပ်လေးနှစ်ခုရဲ့ စနောက်ပြီး ပျော်ရွှင်နေပုံလေး ကြောင့် သက်ပြင်းသာချလိုက်မိသည်။
! ငါ့မွေးနေ့မှာ မင်းတစ်ယောက်တော့ ပျော်ပါစေ သူငယ်ချင်း !
*************
ဘုရားကအပြန် စားသောက်ပြီး စကိတ်သွားစီးမည်ဟု ပြောလာသော Gun ကြောင့် သူတို့၎ယောက် စကိတ်ကွင်းသို့ ရောက်ရှိနေခြင်းပါ။
စကိတ်ကွင်းရောက်တော့ ......
" Tay, မင်းစကိတ်စီးတတ်တယ်မလား။ ငါ့ကိုသင်ပေး။ Off က Gun ကို သင်ပေးလိုက်နော်။ "
တမင်သက်သက်ကြီးထိုးထည့်နေသော သူ့စကားကြောင့် Gun ၏ မျက်စောင်းထိုးခြင်းကိုပင် ခံလိုက်ရသည်။ သို့သော် ဘာမှမပြောဘဲ စကိတ်ကွင်းထဲသို့သာ ဝင်သွားသောကြောင့် Gun ကို ကျေးဇူးပင် တင်လိုက်ရသေးသည်။
YOU ARE READING
" ချစ်သောစံကားဖြူ "
Hayran Kurguကျေးဇူးပြုပြီး ကိုယ့်မျက်ဝန်းကတစ်ဆင့် ကိုယ့်ရင်ထဲကစကားသံကို မြင်အောင်ကြည့်ပေးပါလား.......??