" 1 "

155 7 1
                                    

" Zawgyi "

မျက်စိရှေ့မှာ မြင်နေရတဲ့ တောအုပ်ကိုကြည့်ရင်း သက်ပြင်းတစ်ခုကို ချလိုက်မိတယ်။

"အိမ်အနောက်ဖက်မှာ စမ်းချောင်းလေးရှိတယ်
လူလေး ပျင်းတဲ့အချိန် လမ်းလျှောက်ရင်း သွားကြည့်ကြည့်ပေါ့"

အနောက်က အသံထွက်လာတော့ သူလှည့်မကြည့်ပေမယ့် ဘယ်သူဆိုတာ သိလိုက်တယ်
ဒီအိမ်ရဲ့ တစ်ဦးတည်းသော အိမ်တော်ထိန်း.
ဘိုးဘွားတွေလက်ထက်ကတည်းက ဒီအိမ်မှာ နေထိုင်လာပြီး
သူတို့မိသားစု မြို့ကိုပြောင်းရွှေ့သွားတော့လည်း သစ္စာရှိရှိ ဆက်လက်စောင့်ရှောက်ပေးနေခဲ့တဲ့သူ။

သူ့ဆီက တုံ့ပြန်မှုတစ်စုံတစ်ရာမရတော့ သက်ပြင်းအသာချရင်း လှည့်ထွက်သွားတော့သည်။

နှလုံးရောဂါသည်ဖြစ်သည့်သူ့အတွက် ဆိုးရွားလာသောနှလုံးကို အစားထိုးပြီး အနားယူရန် ဟူသော အကြောင်းပြချက်ဖြင့် နယ်မြို့လေးမှာရှိနေသည့် ဘိုးဘွားပိုင်အိမ်ကြီးဆီသို့ သူ့မိဘများက ပို့ဆောင်ပေးခဲ့ကြသည်။

ငယ်စဉ်ကတည်းက နှလုံးရောဂါကြောင့် မိတ်ဆွေ / သူငယ်ချင်း ဘာတစ်ခုမှမရှိဘဲ အိမ် နှင့် ဆေးရုံ ကိုသာ ကူးနေရသောသူ့အတွက် မိဘနှစ်ပါးမှလွဲ၍ လွမ်းလောက်စရာ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပါ။

*************

မြို့ပြလို ကားသံ၊ ဆိုင်ကယ်သံတွေ မဆူညံဘဲ ကျေးဌက်အော်သံလေးများနှင့် နိုးထလာရခြင်းသည် သူနှင့်ကျင့်သားမရသေးသော်လည်း စိတ်အေးချမ်းမှု ရှိခြင်းကိုတော့ ဝန်ခံရပေလိမ့်မည်။

သူမျက်နှာသစ်ပြီး အောက်ဆင်းလာတော့ အိမ်တော်ထိန်းအဘမှ

"လူလေး နိုးလာပြီဆိုရင် အဘမနက်စာပြင်ထားတယ် လာစားလှည့်"

ဟု ခေါ်နေသဖြင့် သူပြုံးပြပြီး ထမင်းစားပွဲဝိုင်းကို ဝင်ထိုင်လိုက်သည်။

မနက်စာစားပြီးနောက်...

"အဘ ကျွန်တော် မနေ့ကတွေ့တဲ့ စမ်းချောင်းလေးဘက် သွားမလို့"

"အင် သွားလေလူလေး အဖော်ခေါ်သွားဦးမလား အိမ်မှာတူလေးရှိတယ်"

"နေပါစေအဘ ကျွန်တော်လမ်းလျှောက်ရင်း သွားချင်လို့"

"နေ့လည်စာအမှီ ပြန်လာနော် လူလေး"

စိတ်ပူနေသည့်အဘကို တစ်ချက်ပြုံးပြရင်း အိမ်နောက်ဘက်ရှိ စမ်းချောင်းရှိရာသို့ ထွက်လာခဲ့သည်။

**********

စမ်းချောင်းလေးဆီရောက်တော့ ထင်ထားတာထက် သာယာနေတာကို တွေ့လိုက်ရတယ်။

ငြိမ့်ငြိမ့်လေးစီးဆင်းနေတဲ့ စမ်းချောင်းလေးပေါ်ကို အုပ်မိုးထားတဲ့ မေပယ်လ်ပင်ကြီးက ရွက်ကြွေတွေ ရေထဲမှာ မျောနေတဲ့ပုံက သူ့ကိုတစ်စုံတစ်ရာ လွမ်းဆွတ်စေသလိုပင်။

မေပယ်လ်ပင်အောက်မှာထိုင်ရင်း လွင့်လာတဲ့မေပယ်လ်ရွက်ကလေးကို ဘာရယ်မဟုတ် ဖမ်းလိုက်မိတယ်။ လွင့်နေတဲ့မေပယ်လ်ရွက်ကို မြေပေါ်မကျခင်ဖမ်းပြီးဆုတောင်းရင် ဆုတောင်းပြည့်တယ် ဆိုတဲ့စကားကို သတိရမိတော့ သူတစ်ချက်ပြုံးလိုက်တယ်။

အခုလိုအချိန်မျိုးမှာ လွမ်းမောဖွယ်ပုံပြင်တစ်ပုဒ်ကို နားထောင်ချင်တယ်လို့ ဆုတောင်းရင်ရော ပြည့်မှာလား သိချင်မိပါရဲ့။ အဲဒီအချိန်မှာ မထင်မှတ်ထားပါဘဲ ပုံပြင်လေးတစ်ပုဒ် အစပြုခဲ့တယ်....

" ချစ်သောစံကားဖြူ "Where stories live. Discover now