" Zawgyi "
"ဒီဇာတ်လမ်းလေးရဲ့အစကတော့ TU ကျောင်းတော်ရဲ့
ပထမဆုံး မေဂျာခွဲတဲ့နေ့မှာ အစပြုခဲ့တာပေါ့"ဟိုအဝေးကနေ လွင့်မျောလာသလို အသံတိုတိုးလေးက လေထဲကနေ လွင့်လာခဲ့တယ်။
သူနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ ရေစီးသံကလွှဲလို့ လူသူတစ်ဦးတစ်ယောက်မှ ရှိမနေပါဘူး။ သက်ပြင်းအသာချရင်း ဒီပုံပြင်လေးကို ဘယ်သူက ပြောတာလဲ။ ဘယ်နေရာက ပြောနေတာလဲ သိဖို့ မကြိုးစားတော့ဘဲ လေထဲမှာ မျောလွင့်လာတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို မျက်စိမှိတ်ပြီး စတင်နားထောင်လိုက်တယ်။
*********
"အဲဒီနေ့က ရာသီဥတု အရမ်းသာယာနေခဲ့တာ နေမင်းကြီးကို ခနလေး ဖုံးကွယ်ပေးဖို့
တိမ်လေးတစ်စတောင် မရှိခဲ့ဘူး"မေဂျာခွဲတာ လာကြည့်ပြီး ပြန်တော့မယ့် New တစ်ယောက် ပူပြင်းလှတဲ့နေရောင်ကို အံတုဖို့ သိပ်တွေးတောမနေတော့ဘဲ မိမိအရှေ့ကနေ ထီးအပြာလေးဆောင်းပြီး ပြန်ဖို့ပြင်နေတဲ့ ဖြူဖြူလုံးလုံး ကောင်လေးရဲ့ ထီးအရိပ်အောက်ကို ပြေးဝင်လိုက်တော့တယ်။
လန့်သွားတဲ့ကောင်လေးကို ရှိသမျှသွားအကုန်ပေါ်အောင် ပြုံးပြရင်း
"ခနလောက်လမ်းကြုံလိုက်မယ်နော် နေပူနေလို့"
ကိုယ်ပြောတာကို မကြားလိုက်သည့်အလား ကြောင်တောင်တောင်ကြည့်နေတဲ့ကောင်လေးကို
"ကိုယ့်နာမည် New Thitipoom ပါ။ EC မေဂျာက"
ခွင့်မတောင်းဘဲ ထီးအောက်ပြေးဝင်လာပြီး ကိုယ့်ကိုယ်ကို လာမိတ်ဆက်နေသော ထိုသူကြောင့် စိတ်ရှုပ်သွားမိသော်လည်း မကောင်းတတ်သဖြင့်
"ဟုတ်။ ကျွန်တော့်နာမည် Gun Atthapham ပါ"
"ဘာမေဂျာရလည်း။ မင်းလည်း first year မလား။ roll no ဘယ်လောက်နဲ့ဝင်တာလဲ။ အတန်းထဲရောက်ရင် တူတူထိုင်မယ်နော်။ ၁၀ တန်းတုန်းက ...................."
မေဂျာတူဖြစ်မှန်း သိသွားသည်မှစလို့ သူ့အဆောင်ပြန်ရောက်သည်အထိ လမ်းကြုံလိုက်ခဲ့သည့် တစ်လျှောက် မေးခွန်းပေါင်းများစွာ၊ သူ့အကြောင်းမြောက်မြားစွာကို မနားတမ်းပြောနိုင်မေးနိုင်သည့် အနှီးလူသားကြောင့် ခေါင်းတွေမူးနှောက်ပြီး "မနက်ဖြန် မင်းကိုလာခေါ်မယ်နော် " ဆိုပြီး လက်ပြ နှုတ်ဆက်သွားတဲ့ New ကြောင့် ထိုင်ပင်ငိုချင်မိသည်အထိ ကြောက်ရွံ့သွားမိသည်။
YOU ARE READING
" ချစ်သောစံကားဖြူ "
Fanfictionကျေးဇူးပြုပြီး ကိုယ့်မျက်ဝန်းကတစ်ဆင့် ကိုယ့်ရင်ထဲကစကားသံကို မြင်အောင်ကြည့်ပေးပါလား.......??