" 5 "

34 5 2
                                    

Zawgyi

" ဗိုက်ဆာနေပြီ မရကြသေးဘူးလား "

" Gun နော် မလုပ်ကူပဲ ဒါပဲအော်မနေနဲ့ "

" သူလည်းတူတူပဲကိုများ။ ဘေးကနေ နှမ်းဖြူးနေပြီးတော့ "

New မွေးနေ့ပြီးနောက် သိပ်မကြာခင် ရက်ပိုင်းတွင် ကျရောက်လာသည့် Gun ၏ မွေးနေ့၌ သူငယ်ချင်းအသစ်ဖြစ်သူ Tay က သူ၏အိမ်တွင် မုန့်လုပ်စားရန်ပြောလာသဖြင့် Tay အိမ်သို့ ရောက်ရှိနေသော်လည်း ဟင်းမချက်တတ်တဲ့ New နှင့် Gun က ရန်ဖြစ်ငြင်းခုံသည့်အလုပ်ကို သာ အပြည့်အဝတာဝန်ယူနေကြခြင်းပင်။

စားသောက်စရာတွေပြင်ဆင်ပြီးချိန် ရုတ်တရက်ပျက်သွားသောမီးကြောင့် မဲမှောင်သွားသော အမှောင်ထုရဲ့နောက်တွင် birthday သီချင်းဆိုကာ birthday cake ကိုင်ဝင်လာသော Off...
အပြုံးကိုယ်စီနှင့် မွေးနေ့သီချင်းဆိုပြီးသည့်နောက်_

" Happy Birthday Gun, ကိတ်ကို ဘယ်သူအရင်ခွံကျွေးမှာလဲ ပြောပါ။ "

" သေချာပေါက် ....... "

လေထဲတွင်ဝေ့ဝှိက်နေသော Gun ၏ လက်များကTay ၏ အရှေ့တွင် ရပ်တန့်သွားသောအခါ Gun မှလွှဲ၍ အားလုံး၏ အပြုံးတွေက အသက်မဲ့သွားသလိုပင်။
တိတ်ဆိတ်သွားသောလေထုများကြား Gun ကျွေးလိုက်တဲ့ ကိတ်ကိုစားပြီး ပြုံးပြနေတဲ့ Tay ကို ငေးကြည့်နေစဉ်မှာပင် လက်ပေါ်ကျရောက်လာတဲ့ ရေစက်လေးကြောင့် လှည့်ကြည့်မိတော့ ပြုံးနေသော Off ။

************

Second year တစ်နှစ်လုံးသည် Tay မှလွဲ၍ ကျန်သူများအားလုံးကို ချေသော Gun ၊ Gun ဘယ်လောက်ပဲနှိပ်စက်စက် အပြုံးမပျက်သော Off ၊ Off ကြိုက်နေမှန်းသိ၍ Gun နဲ့ အဆင်ပြေ စေရန် New နဲ့သာ တွဲတတ်တဲ့ Tay ၊ Gun ရဲ့ရစ်မှု ၊ Off ရဲ့ အသည်းကွဲမှု ၊ Tay ရဲ့ ကာဗာ လုပ်မှုတို့ကို ဒိုင်ခံခံရသော New စသည့် သူတို့၎ယောက်၏ ပတ်လည်ရိုက်မှုများဖြင့် လုံးလည်ချာလည်လိုက်ရင်း ကုန်ဆုံးသွားခဲ့ပါသည်။

နယ်မှလာသဖြင့် အဆောင်နေကြသော New နှင့် Gun မှာလည်း ပထမနှစ်တွင် အဆောင်မတူ ပေမဲ့ ဒုတိယနှစ်မှစ၍ တစ်ဆောင်ထဲ ၊ တစ်ခန်းထဲ ဖြစ်သွားကြပါသည်။

************

စာမေးပွဲနောက်ဆုံးနေ့ _

ွိအိမ်ပြန်ရတော့မည် ဖြစ်သဖြင့် ပျော်နေကြသောသူတွေရယ် ၊ ခွဲရတော့မည်ဖြစ်သဖြင့် ဝမ်းနည်းနေ သောသူတွေရယ် ပြည့်နှက်နေတဲ့ ကျောင်းတော်ဝန်းကြီးတွင် အမှတ်တရ ဓာတ်ပုံရိုက်ရန် တာဆူနေ သော အုပ်စုတစ်စုလည်း ရှိနေခဲ့တယ်။

ကျောင်းတော်အနောက်ဖက်ရှိ တစ်ပင်တည်းရှိသော စကားပင်အောက်တွင် ဖွေးဖွေးလှုပ်နေသော စကားပန်းများကို  ပစ်ပေါက်ကာဆော့နေသော New နှင့် Gun ၊ မလှမ်းမကမ်းတွင် ပြုံးကာ ရပ်ကြည့်နေသော Off တို့မှာ ဖြတ်ကနဲလက်သွားသော ကင်မရာမီးရောင်ကြောင့် လှည့်ကြည့်လိုက် ရာ ကင်မရာတစ်လုံးကို လက်ထဲတွင်ကိုင်ရင်း  လျှောက်လာနေသော Tay နှင့် သူ့ထံသို့ မိမိနဲ့အတူ ဆော့ကစားနေသော Gun မှာ ဘယ်အချိန်ကတည်းက ပြေးသွားသည်မသိ အနားသို့ပင် ရောက်နေပြီဖြစ်ပြီး Tay လက်ထဲမှ ကင်မရာကို လိုက်လုနေတာကို တွေ့လိုက်ရသည်။

ကင်မရာကို အပေါ်သို့မြှောက်ရင်း ပတ်ပြေးနေသော Tay နှင့် အတင်းလိုက်ဖမ်းနေသော Gun တို့ကြောင့် ထိုကင်မရာထဲမှပုံမှာ မည်သူ့ပုံဖြစ်ကြောင်း ထပ်မေးရန်ပင်မလိုတော့ပေ။

ထိုနေ့က ကျောင်းတော်ကြီး၏ အနောက်ဖက် စကားပင်ကြီး၏အောက်တွင် ပြေးတမ်းလိုက်တမ်း ဆော့နေသော ကောင်လေး၂ယောက် ၊ ထိုမြင်ကွင်းကို ငေးကြည့်နေသော ကောင်လေး နှင့် ထိုကောင်လေးကို ငေးကြည့်နေသော ကောင်လေးတစ်ယောက်တို့ ရှိခဲ့ဖူးကြလေသည်။ ထိုစကားပင်ကြီး၏အောက်တွင် ရိုက်ခဲ့ကြသော အမှတ်တရဓာတ်ပုံလေးတွင်လည်း ပြုံးနေသော် လည်း အသက်မဝင်ခဲ့သော ကောင်လေး၂ယောက် ပါဝင်နေခဲ့မှန်းကိုတော့ ကျောင်းတော်ကြီး နှင့် စကားပင်ကြီးတို့ကသာ ရိပ်မိသိရှိနေပါလိမ့်မည်။

***********

သူချလိုက်တဲ့ သက်ပြင်းချသံလေးက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ကျယ်လောင်စွာ ထွက်ပေါ်သွားခဲ့သည်ထင်။ နာကြင်ကြေကွဲနေသော အက်ရှရှရယ်သံလေးက တိုးတိတ်စွာ ပေါ်ထွက်လာသည်။

" သက်ပြင်းချတာက အသက်တိုစေတယ်တဲ့။ မင်းရထားတဲ့ နှလုံးသားလေးကို အချိန်ကြာကြာ ခုန်ပါစေဦး "

" ခင်ဗျားက ကျွန်တော့်ကို ဂရုစိုက်တာလား ။ ကျွန်တော့် နှလုံးကို ဂရုစိုက်တာလား။ "

" အရာအားလုံးဟာ သက်ဆိုင်သူရှိပြီးသားပါ။ "

" အင်။ ဟုတ်လောက်တယ်။ အဖေပြောဖူးတယ်။ ဒီနှလုံးပိုင်ရှင်က မဆုံးခင် ပြောခဲ့တယ်တဲ့။ သူသေသွားရင်တောင် သူချစ်သူကို ချစ်ခဲ့မိတဲ့ သူရဲ့နှလုံးသားကိုတော့ ရှင်သန်စေချင်တယ်တဲ့။ "

" ဟုတ်မှာပါ။ သူကအရမ်းချစ်တတ်တဲ့သူပဲလေ။ "

ထိုနေ့က သူပြန်လာတဲ့အချိန်အထိ သူ့ရှေ့ကစမ်းချောင်းလေးပေါ် ကြွေကျနေတဲ့ မေပယ်လ်ရွက် တွေနဲ့ ပြာလဲ့လဲ့ရေပြင်ပေါ်မှာ မျောနေတဲ့ အနီရောင်ရွက်ကြွေတွေဟာ တစ်စုံတစ်ယောက်ရဲ့ နှလုံးသွေးက မျက်ရည်တွေကို ကိုယ်စားပြုနေသလား။

***********

" ချစ်သောစံကားဖြူ "Where stories live. Discover now