Zawgyi
Fourth year နှစ်မှာ ထူးထူးဆန်းဆန်း မွေးနေ့လုပ်ချင်နေတဲ့ Tay ကြောင့် အပေါင်းအသင်း များလှသော New က ဖိတ်ကြားပေးထားသဖြင့် Tay ရဲ့ မွေးနေ့ပွဲလေးဟာ လူစုံတက်စုံ ရှိနေကြပါတယ်။ မွေးနေ့ဖယောင်းတိုင် မှုတ်ချိန်မှာ ငြိမ်သက်စွာ ဆုတောင်းနေတဲ့ Tay ကိုကြည့်ရင်း " အေးချမ်းတဲ့ချစ်ခြင်းကို ပိုင်ဆိုင်နိုင်ပါစေ "ဟု တိုးတိတ်စွာ ဆုတောင်းပေးလိုက်သည်။
မွေးနေ့ကိတ်ခွဲချိန်မှာတော့ အားလုံးမှန်းဆထားသလို Tay ရဲ့ ကိတ်ကို ပထမဆုံးစားခွင့်ရတဲ့သူဟာ Gun ဖြစ်လာခဲ့တာပင်။ အားနာသလို၊ စိတ်မကောင်းဖြစ်သလို လှမ်းကြည့်လာတဲ့ Tay ကြောင့် New တစ်ယောက် ငေးကြည့်နေရာမှ ဘာမှမဖြစ်သလို အမြန်ပြုံးပြလိုက်ရတယ်။ ထိုအခါမှ စိတ်ချသွားသလို Tay တစ်ယောက် ပြုံးပြီးပြန်လှည့်သွားသဖြင့် သက်ပြင်းမောကို လူမသိအောင်သာ ကြိတ်ချလိုက်ရသည်။
စားသောက်ပြီး၍ အမှန်ပြောကြေးဂိမ်း ဆော့ကြချိန် လှည့်လိုက်တဲ့ပုလင်းလေးဟာ Tay ရဲ့ အရှေ့ကျသွားချိန်မှာတော့ ကာယကံရှင်ထက် New ပိုပြီး ရင်ခုန်မိလာသည်။
" မွေးနေ့ရှင် မဲလိပ်နှိပ်ပါ။ "
" Tay ကျတဲ့ မဲလိပ်လေးကတော့ ------
သင်လက်ထပ်ချင်တဲ့သူမျိုး တဲ့။ ကဲ ဖြေလို့ရပါပြီ။ "" ကျွန်တော်လက်ထပ်ချင်တဲ့သူမျိုးက --------
ကိုယ့်ဘေးနားမှာရှိတဲ့သူမျိုး "အော်သံတွေ ထွက်လာကြတော့ New တစ်ယောက် Tay ကိုကြည့်ကာ ပြုံးနေလိုက်သည်။ အဖြေဖြေပြီးနောက် မျက်နှာကြီး နီရဲပြီးရှက်နေတဲ့ Tay ရဲ့အကြည့်က ဟိုဖက်ဘေးမှာ ပြုံးကာထိုင်နေတဲ့ Gun ဆီ ရောက်သွားတော့ သူရည်ရွယ်သူကို မရည်ရွယ်သော်လည်း တစ်ခန်းလုံးက သိရှိသွားခဲ့ပါပြီ။
! ပြုံးနေတဲ့ Gun နဲ့ ရှက်နေတဲ့ Tay က လိုက်ဖက်လိုက်တာ။ မင်းရင်ထဲက ငါ့အတွက်နေရာကို လည်း ငါသိချင်လိုက်တာ။ !
အကယ်၍ ထိုနေ့က ပွဲမှာ စနောက်ကာ ပြုံးပျော်နေကြတဲ့ Tay နဲ့ Gun သာ သတိထားခဲ့မိမယ်ဆိုရင် ပြုံးနေသော်လည်း နာကျင်နေတဲ့ မျက်ဝန်းတွေနဲ့ ကောင်လေးတစ်ယောက်ရယ်၊ သူ့ရဲ့ဘေးမှာ သူ့ပုခုံးကိုဆုပ်ကိုင်ပြီး မသိမသာ နှစ်သိမ့်ပေးနေတဲ့ ကောင်လေးတစ်ယောက်ရယ်ကို တွေ့မိမှာအမှန်ပင်။
YOU ARE READING
" ချစ်သောစံကားဖြူ "
Fanfictionကျေးဇူးပြုပြီး ကိုယ့်မျက်ဝန်းကတစ်ဆင့် ကိုယ့်ရင်ထဲကစကားသံကို မြင်အောင်ကြည့်ပေးပါလား.......??