" 3 "

56 5 0
                                    

" Zawgyi "

မြို့ပေါ်မှာ တစ်ခါမှမထဖူးတဲ့ မနက်၅နာရီ ဆိုသော အချိန်ကတည်းကထပြီး ပုံပြင်တစ်ပုဒ်ကို နားထောင်ရန် တက်ကြွစွာပြင်ဆင်နေမိသော သူသည် ထူးဆန်းသော လေလိုင်းထဲက ပုံပြင်တစ်ပုဒ်၏ လွှမ်းမိုးညို့ယူမှုအောက်ကို စိတ်ရောကိုယ်ပါ နှစ်မြုပ်နေမိပြီဖြစ်ကြောင်း တွေးမိသော်လည်း ရုန်းမထွက်ချင်တော့လောက်အောင် နှလုံးသားမှတောင့်တချက်က ပိုလွန်းနေခဲ့သည်။

သူစမ်းချောင်းလေးကိုရောက်တော့ မနက်၇နာရီပဲ ရှိသေးသဖြင့် ပုံပြင်ပြောသူ မရောက်လောက်သေးဟုတွေးကာ စမ်းချောင်းလေးဘေးမှာ ပေါက်နေသော ခြုံပင်များမှ ပန်းများကိုခူးကာ ရေမှာမျောရင်း စောင့်နေမိသည်။

" မင်းဆော့လို့ဝရင် မေပယ်(လ်)ပင်ကြီးက မင်းကို ပုံပြင်ဆက်ပြောပြလိမ့်မယ် "

ရင်းနှီးနေတဲ့ အသံတိုးရှရှလေးကို ကြားလိုက်ရသဖြင့် သူအသာပြုံးရင်း မေပယ်(လ်)ပင်အောက် လျှောက်သွားကာ မျက်လုံးကို ငြင်သာစွာမှိတ်လိုက်သည်။

" မင်းဒီနေ့ ကိုယ့်ကိုရှာဖို့ မကြိုးစားတော့ဘူးပဲ "

" dandelion ပန်းဆိုတာ လေထဲမှာ မျောလွင့်နေတဲ့  ပျော်ရွှင်မှုတွေကို သယ်ဆောင်လာတဲ့ ဆုတောင်းတစ်ခုပဲလေ ဖမ်းဆုပ်ပိုင်ခွင့်မှမရှိတာ ။ သိချင်တာက သူရောပျော်ရွှင်နေရဲ့လား "

" သူရဲ့ဖြစ်တည်မှုကိုက လူတွေပျော်ရွှင်ဖို့အတွက်ပဲလေ ။ သူမပျော်ရင်တောင် သူ့ကြောင့် ပျော်သွားတဲ့သူတွေကိုကြည့်ရင်း သူစိတ်ချမ်းသာမှာပါ "

ထိုစဉ်ကတည်းက အဲဒီဇာတ်လမ်းလေးဟာ ဆွတ်ပျံ့ဖွယ် ၊ ကြည်နူးဖွယ် ၊ လွမ်းဆွတ်ဖွယ် ကောင်းသော ပုံပြင်တစ်ပုဒ် ဖြစ်လာလိမ့်မယ်ဆိုတာ သူရိပ်မိခဲ့တယ်။

*************

" Gun မနက်ဖြန် ငါ့မွေးနေ့ကျရင် လျှောက်လည်ရအောင် "

" ဘာမုန့်ကျွေးမှာလဲ "

" စားချင်တာအကုန်ကျွေးမယ်ဟာ "

" အဲဒါဆို ဒီနေ့ကတည်းက အကြိုကျွေး။ ဗိုက်ဆာနေပြီ။ "

" အင် ကျွေးမယ်။ သွားစားရအောင်။ "

" ချစ်သောစံကားဖြူ "Where stories live. Discover now