Unicode
" မပြေသေးဘူးလေ အဝါရောင်လမ်းလေးမှမရောက်သေးတာ"
" အဲ့လိုလား လာ..အခုသွားကြတာပေါ့ "
လီလီလက်မောင်းကိုတွဲချိတ်လာတဲ့ သူမလက်လေးတွေနဲ့ထိတွေ့တဲ့တစ်ခဏ လူတစ်ကိုယ်လုံးရှိန်းတိန်းတိန်းဖြစ်သွားရသည်
ယောင်းလေးလည်း လီလီကိုအခုလိုမျိုးလာချိတ်နေကျပါပဲ သူမနဲ့ကျမှစိတ်တွေလှုပ်ရှားနေမိတာ ယောင်းနဲ့မတူတာတော့သေချာသည်
" LiLi ဒီနေ့လူတွေလည်းမရှိဘူးနော်"
" ဘယ်ရှိတော့မလဲ အတန်းတက်နေကြ
ပြီလေ"" Niniတို့ပဲမတက်တာနေမှာ ညနေMinor အချိန်ကလည်း ပျင်းစရာကြီးလေ "
" Minor ချိန်မတက်ချင်လို့ အတန်းပြေးတာပေါ့လေ"
" မဟုတ်ပါဘူး LiLiကိုစိတ်ဆိုးပြေပေးမလို့ ပြေးလာတာလေ"
" ပြောချင်တာက LiLiကြောင့်ပြေးတာပေါ့လေ"
" Ommလေ မသိဘူးလား"
"Omm မသိဘူး"
" အခုသိလိုက်တော့ လာ..ဟိုနားလေးမှာထိုင်ရအောင်"
" အခု စိတ်ပြေသွားပြီလား"
" မပြေသေးဘူး LiLiခုဏကNiniကို
မောင်းထုတ်ထားတာလေ"" အဲ့ဒါက..LiLiဘာမှမလုပ်ရပဲနဲ့ Niniကအမြင်ကတ်တယ်ဆိုလို့လေ"
" တစ်ကယ်အမြင်ကတ်ရင် NiniကLiLi
အနားတောင်လာထိုင်ပါ့မလား..
Niniဘာဖြစ်နေမှန်းတောင် မသိပဲနဲ့ "" Nini ဘာပြောလိုက်တာလဲ မကြားရဘူး"
" ဘာမှမဟုတ်ဘူး..LiLiကဒီလမ်းလေးကိုလိုက်ပို့လို့ စိတ်ပြေသွားပြီလို့ပြောတာ"
" တစ်ကယ်နော် "
" Omm တစ်ကယ်..အခုNiniအိပ်ချင်တယ်"
" ဟင်..ဒီမှာအိပ်မလို့လား"
" Ommလေ LiLiပုခုံးငှားပေးပေါ့ ခုဏကNiniကိုအော်ထားတဲ့အတွက် "
လီလီလက်မောင်းကို သူမလက်နှစ်ဖက်ဖြင့်
ဆွဲကာအနားကိုပိုတိုးလာပြီး သူမကိုယ်လေးက လီလီပုခုံးပေါ်သို့မှီလာသည်
ဘာလို့မှန်းမသိ သူမရဲ့ခုလိုအပြုအမူလေးတွေကို လီလီသဘောကျနေမိသည်
YOU ARE READING
Infinity 🌼
FanfictionUnicode မင်းကိုချစ်တဲ့အချစ်က ဘယ်အရာနဲ့မှနှိုင်းယှဥ်လို့မရအောင် အဆုံးမရှိဘူး Nini ငါ့ကိုချစ်တာတဲ့လား နင့်မာနတွေကိုပိုချစ်တာမဟုတ်လား Lili Zawgyi မင်းကိုချစ်တဲ့အချစ်က ဘယ်အရာနဲ့မှနှိုင်းယှဉ်လို့မရအောင် အဆုံးမရှိဘူး Nini ငါ့ကိုချစ်တာတဲ့လား နင့်မာနတွေကို...