Part 19🌻( Uni+Zaw)

1.6K 149 6
                                    

Unicode

" အား..Appa..Appa..ထပါဦး..Omma..
Omma..အီး..အီး..Omma.."

" Nini..Nini.."

ဘယ်လောက်တောင်ကြောက်နေခဲ့လဲဆိုတာ အိပ်မက်ဆိုးတွေကြားကငိုနေတဲ့ကောင်မလေးကိုကြည့်တာနဲ့သိသာသည်

အိပ်မက်ဆိုးတွေက ဘယ်လောက်တောင်
ပင်ပန်းရလဲဆိုတာ လီလီအသိဆုံး

" Nini..Nini..ထပါဦး..Nini"

" ဟမ်..LiLi...အီး..အီး..Appa..Ommaက
Niniအိပ်မက်ထဲမှာ..."

လီလီသူမမျက်နှာထက်ကချွေးစက်လေးများကိုသုတ်ပေးရင်း

" အိပ်မက်ကအိပ်မက်ပဲNini မငိုနဲ့တော့ပင်ပန်းမယ် အိပ်မက်အကြောင်းမတွေးနဲ့တော့နော်"

" Niniအိပ်မက်ထဲကလိုတော့မဖြစ်လောက်ဘူးမလားဟင်.. Appaတို့အဆင်ပြေတယ်မလား..LiLi"

" ဦးလေးကြီးတို့အဆင်ပြေတာမို့ အိပ်မက်ကိုမစဥ်းစားနဲ့တော့နော်.. Niniအသက်ရှူတွေမြန်နေတယ်ရော.. စိတ်ကိုငြိမ်ငြိမ်ထားပြီး အသက်ကိုပုံမှန်ရှူ LiLiကိုကြည့်"

လီလီလည်းသူမကိုယ်လေးကိုထူပေးပြီး
ကျောဘက်ကိုခေါင်းအုံးလေးထည့်ပေးကာမှီစေလိုက်သည်

သူမရင်ဘတ်ကိုလက်လေးနဲ့ဖိကာ လီလီလုပ်ပြသလိုဝင်လေထွက်လေကိုဖြေးဖြေးချင်းရှုသွင်းနေပြီး ခဏနေတော့သူမအမောပြေသွားပုံရသည်

" Nini အဆင်ပြေလား နေလို့ကောင်းသွားပြီလား"

" Omm LiLi..ဆရာဝန်ကပြောတယ် တစ်ပတ်လောက်ဆိုNiniခြေထောက်တွေလမ်းပြန်လျှောက်လို့ရပြီတဲ့ ဒီနေ့တောင်
Nurseရဲ့အကူမပါဘဲလျှောက်နိုင်နေပြီ LiLiသိလား"

" ဟင်..ဟုတ်လား ဝမ်းသာစရာပေါ့..ညနေကတည်းကမပြောဘဲနဲ့ LiLiကိုအခုမှပြောပြရလား"

" Ommလေ LiLiကညနေမှလာတာကို
မနက်ကUnnie Sooလည်းလာသွားတယ်
Ireneတို့လည်းလာတယ် သူတို့ကညနေမှပြန်သွားကြတာ"

" အခုLiLiလည်းရောက်နေပြီ​လေ"

" ညရောက်ခါနီးမှလာတာကို"

" ဒီနေ့Sundayမို့ LiLiကဂေဟာသွားနေတာ မရောက်တာလဲသုံးပတ်လောက်ရှိသွားပြီမို့လို့ မနက်ကတည်းကအဲ့မှာကူပေးနေတာနဲ့ညနေမှအိမ်ပြန်ရောက်တာ"

Infinity 🌼Where stories live. Discover now