Part 31🌻(Uni+Zaw)

2.8K 156 22
                                    

Unicode

" Nini.."

" ရှင်..ဟင် "

" အခုတော့ စိတ်ရှိလက်ရှိနမ်းခွင့်ပြုမယ်မလား "

" အမ်..ဟို.."

" ကိုယ့်နှလုံးသားလေးကပြောတယ်
မင်းကိုသိပ်ချစ်တယ်တဲ့ မင်းလေးက
သူတန်ဖိုးထားမြတ်နိုးရတဲ့ပန်းကလေးပါတဲ့ ပြီးတော့မင်းအနားမှာတစ်သက်လုံး
ကာကွယ်ပေးရင်းချစ်သွားပါမယ်တဲ့
ထပ်ပြောသေးတယ် ချစ်တယ်Baby
မင်းကိုချစ်တယ် အများကြီးချစ်တယ်တဲ့ "

သူ့နှုတ်ခမ်းဖျားကချစ်တဲ့အကြောင်းတွေကို အရောင်လဲ့နေတဲ့သူ့မျက်ဝန်းလှလှလေး​တွေကနေတဆင့်Jenမြင်နေရပါသည်

ခုဏကထိသူ့ကိုလန့်နေမိပေမဲ့ သူ့စကားလေးတွေကြားတော့ရင်ထဲလှိုက်ဖိုရပြန်သည် အချစ်တွေပြည့်နှက်နေတဲ့သူ့မျက်ဝန်းလေးတွေကိုပြန်စိုက်ကြည့်ရင်း

" Babyလည်းသိပ်ချစ်ရပါတယ် Honey "

" Honey?? "

" အင်းလေ Niniကို Babyဆိုတော့ LiLiက Honeyပေါ့ ဘာလဲမကြိုက်လို့လား "

" ဟာ ကြိုက်တာပေါ့ Babyအသံလေးကချစ်ဖို့ကောင်းလွန်း​လို့လေ ထပ်ကြားချင်သေးလို့ပါ ထပ်ခေါ်ပါလားဟင်ကိုယ့်ကို "

" ချစ်တယ်Honey အရမ်းချစ်တယ် "

" ချစ်တယ်Baby သိပ်ချစ်တယ် "

တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းနှစ်ခြိုက်စွာပြုံးမိကြသည့်အခိုက်တန့်

အနီးကပ်မြင်နေရတဲ့သူ့မျက်ဝန်းလှလှလေးတွေ Bangလေးရဲ့အောက်ကမျက်ခုံးတန်းတန်းလေးတွေက သိပ်ကြည့်ကောင်းတာပဲ

Jenကလည်းသူ့ကိုအသေးစိတ်ကြည့်နေမိသလို သူကလည်းJenမျက်နှာအစိတ်ပိုင်းတစ်ခုချင်းစီကိုကြည့်နေရင်း သူ့အကြည့်တို့အဆုံးသတ်နေရာကတော့ Jenနှုတ်ခမ်းလေးဆီမှာသာ

ရီဝေနေတဲ့သူ့မျက်ဝန်းတွေ Jenကိုပြန်ကြည့်လာချိန်မှာတော့ Jenမျက်ဝန်းတို့ကိုအလိုက်တသိမှိတ်ပေးလိုက်ပါသည်

တဖြေးဖြေးထိကပ်လာတဲ့ သူ့နှုတ်ခမ်း
လေးရဲ့အထိအတွေ့
နွေးထွေးပြီးနူးညံ့လိုက်တာ Jenရင်ခုန်သံတွေထိန်းမရတော့အောင် နှလုံးသားလေးကလည်းသူ့ဆီကိုသာခုန်ထွက်ချင်နေသည်

Infinity 🌼Tahanan ng mga kuwento. Tumuklas ngayon