Part 15🌻( Uni+Zaw)

1.6K 147 5
                                    

Unicode

Man " ဆရာ..Minjoonတပည့်တော့ အဆုံးသတ်လိုက်ပြီထင်တယ် Kimရဲ့ကားကတော့မရှုမလှဘဲ"

D " ဟုတ်လား..မင်းတို့အခုဘယ်မှာလဲ"

Man " Jackဆိုတဲ့ကောင်နဲ့မနီးမဝေးမှာပါဆရာ ကျွဲရိုင်းကြီးကတော့တိုက်ပြီးတာနဲ့ပြေးသွားပြီ"

D " အဆုံးသတ်လိုက်တာ သေချာပါ့မလား
Kimဆိုတဲ့ကောင်ကလွယ်လွယ်နဲ့သေတာမဟုတ်ဘူး"

Man " သေချာပါတယ်ဆရာ ကျနော်တို့စောင့်ကြည့်နေပါတယ် ဟိုကောင်က
နှစ်ဆင့်တောင်တိုက်ချသွားတာ ကားကောလူကောအဆုံးသတ်မှာပဲ"

D " သေချာတယ်ဆိုရင် ပြန်လှည့်ခဲ့ကြတော့ အဲ့နားမှာကြာကြာမနေနဲ့"

Man " Nae "

တီ...📱

D " ဟား..ဟား..ဒီနေ့မှရာသီဥတုကသိပ်ကောင်းနေပါလား..မိုးစက်တွေကမင်းအတွက် အပြိုင်ငိုပေးနေကြတယ်ထင်တယ်..Kim"

🌧🌧🌧

အဝေးပြေးလမ်းမကြီးရဲ့ဘေး မိုးရေစက်တွေကြားမှာ ငြိမ်သက်နေတဲ့ကားငယ်လေးတစ်စီး ထိုကားလေးကမြေပြင်ပေါ်တွင်
ပက်လက်အနေအထားဖြင့် လဲလျောင်းလျက်

မိုးတွေကလည်းအဆက်မပြတ် သဲကြီးမဲ
ကြီးရွာချနေသည် ကားလေးအတွင်းမှ
အရင်ဆုံးသတိရလာသူက Kim Taejung

သူ့တစ်ကိုယ်လုံးနာကျင်နေပြီး ရင်ဘတ်ကစူးပြီးအောင့်နေတာကြောင့် ငုံ့ကြည့်လိုက်တော့ ချွန်ထက်နေတဲ့ကားမှန်စရှည်က
စိုက်ဝင်နေသည် သွေးတွေကအဆက်မ
ပြတ်စီးကျလျက်

လှုပ်မရအောင်နာကျင်နေသည့်ကြားက
သမီးလေးနဲ့မိန်းမကိုစိုးရိမ်ပူပန်လာစိတ်ကြောင့် ဘေးကိုကြိုးစားလှည့်ကာ
ကြည့်လိုက်တော့

ဘေးဘက်ကခုံပေါ်တွင် ကားမှန်ကိုမှီလျက်
ဦးခေါင်းတစ်ခုလုံးနှင့်မျက်နှာပေါ်တွင် သွေးများစီးကျနေသည့် သူသိပ်ချစ်ရတဲ့
ဇနီး

" Miyoung..Miyoung ya..ထပါဦး
Miyoung..Miyoung အကို့ကိုကြည့်ပါဦးကွာ Miyoung yahh.."

လက်တစ်ဖက်ကသွေးများစီးကျနေသည့်ရင်ဘတ်ကိုဖိထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူ့ဇနီးရဲ့မျက်နှာကိုဆွဲယူကာလှည့်စေပြီး နှာဖျားပေါ်ကိုလက်တင်ကြည့်တော့
အသက်ရှုနေခြင်းမရှိတော့

Infinity 🌼जहाँ कहानियाँ रहती हैं। अभी खोजें