Part 17🌻( Uni+Zaw)

1.6K 148 6
                                    

Unicode

အချိန်ကတစ်ဖြေးဖြေးနဲ့ တစ်ပတ်ပြည့်လာခဲ့ပြီ Nini..Appa Ommaရဲ့နာရေးကို
ဘူဆန်ကရောက်လာကြသော Niniဖိုးနဲ့ဖွားနဲ့ မမတို့ကပြုလုပ်ပေးခဲ့ကြသည်

Niniကတော့ ခွဲစိတ်ပြီးကတည်းကအခုထိသတိမရသေးပါ ခွဲစိတ်တာအောင်မြင်ခဲ့ပေမဲ့ မွေးရာပါနှလုံးအားနည်းတာကြောင့် အရမ်းလန့်သွားခဲ့ပြီး ရှော့ခ်ရသွားတာဖြစ်သည် သတိပြန်ရလာဖို့ကရက်အနည်း
ငယ်စောင့်ရမည်ဟု ဆရာဝန်ကပြောသည်

နည်းနည်းလေးဆို အရမ်းလန့်ပြီးကြောက်တတ်တဲ့သူမလေး အခုလိုအဖြစ်ဆိုး
ကြောင့် ဘယ်လောက်တောင်ထိန့်လန့်ခဲ့ရမလဲ

Niniသတိရလာရင် ဦးလေးကြီးနဲ့အန်တီအကြောင်းကို LiLiတို့ဘယ်လိုပြောပြရပါ့မလဲ Niniရယ်..

ဒီနေ့စနေနေ့ Niniသတိမေ့နေခဲ့တာ တစ်ပတ်ပြည့်ခဲ့ပြီ လီလီမနက်စောစောထကာ
Daisyပန်းလေးတွေဝင်ဝယ်ပြီး ဆေးရုံသို့
လာခဲ့သည်

Niniရဲ့ဖိုးနဲ့ဖွားက နေ့တိုင်းစောင့်အိပ်ပေး
တာမို့ လီလီမနေ့ညက ရေမိုးချိုးပြီးအိပ်ရေးဝဝအိပ်ရန် အိမ်ပြန်ခဲ့ခြင်းဖြစ်
သည် ယောင်းလေးနဲ့ Ireneတို့ကလည်းနေ့တိုင်းလာကြပြီး အလှည့်ကျစောင့်အိပ်ပေးသည်

မမကတော့ နေမကောင်းဖြစ်တဲ့ထိစိတ်ပင်ပန်းသွားတာကြောင့် ယောင်းလေးနဲ့အိမ်မှာထားခဲ့ခြင်းဖြစ်သည်

လီလီပန်းစည်းလေးကိုကိုင်ကာ Niniအခန်းရှေ့ရောက်တော့ အနည်းငယ်ဟနေသောအခန်းတံခါးဆီမှ Niniဖိုးနဲ့ဖွားရဲ့စကားသံတို့ကြောင့် အခန်းနံရံကိုမှီရပ်ကာ မျက်ဝန်းတို့၌မျက်ရည်တွေရစ်ဝိုင်းလာသည်

" မြေးရယ် ဖွားတို့ကြောင့်မြေးလေး Appa
Ommaတို့အခုလိုဖြစ်ရတာ ဖွားတို့Phဆက်မခေါ်ဘဲနေခဲ့ရမှာ..အခုတော့..ငါ့မြေးလေး
ဖွားတို့ကြောင့်..မိဘတွေမရှိဘဲ..အီး..အီး.."

" မြေးလေးရှေ့မှာငိုနေတာရပ်ပါတော့ကွာ
မင်းနေ့တိုင်းငိုနေရင် ကလေးကဘယ်စိတ်ချမ်းသာပါ့မလဲ Niniလေးသတိရလာဖို့
သူ့ရှေ့မှာမငိုပဲနေကြရအောင်.."

" မြေးလေးနဲ့ သားနဲ့သမီးအခုလိုဖြစ်ရတာ
ဒီကဖွားကြောင့်..မြေးလေးနိုးလာရင်သူ့Appa Ommaမရှိတော့တဲ့အကြောင်းကိုဘယ်လို..ဘယ်လိုအင်အားနဲ့ပြောပြရမလဲ..အီး..အီးး"

Infinity 🌼Where stories live. Discover now