Part 16🌻( Uni+Zaw)

1.6K 146 8
                                    

Unicode

ဒီနေ့မှသဲကြီးမဲကြီးရွာနေတဲ့မိုးကြောင့် Chaeကားလေးကိုအရှိန်လျှော့ကာ လီလီကိုPhခေါ်လိုက်သည် Phကဝင်နေပေမဲ့သူကမကိုင် အိပ်နေတုန်းပဲထင်သည်

" မနက်၁၀နာရီတောင်ထိုးနေပြီ အိပ်ပုတ်ကအိပ်နေတုန်းပဲနေမှာ"

မနက်ကတောင်မိုးကအုံ့ရုံပဲရှိသေးသည် အခုတော့တစ်နေကုန်ရွာတော့မည့်ပုံ
Chae..Ommaကို ဆိုင်ဝင်ပို့ပြီးအပြန်
လီလီဆီသွားနေခြင်းဖြစ်သည်

ဆိုင်ဆိုတာက Chae..Ommaရဲ့ဆိုင်ပါ Ommaကဒီဇိုင်နာတစ်ယောက်ဖြစ်သည် ကိုယ်ပိုင်Designနဲ့ ကိုယ်ပိုင်Brandလေးထုတ်ကာ အတော်အတင့်လေးအောင်မြင်နေသူဖြစ်သည်

လီလီနဲ့Chaeက ကျောင်းပိတ်ရက်တိုင်း သူ့အိမ်မှာမဟုတ်ရင် Chaeရဲ့အိမ်မှာအတူရှိနေကျ Chaeတို့အတူတူGameကစားတယ် မုန့်စားကြတယ် Cartoonကြည့်တယ် စကားတွေပြောကြတယ်

ပျင်းလာရင်အပြင်ထွက်ပြီးလျှောက်လည်တယ် မုန့်ဝယ်စားပြန်တယ် ဒါကChaeတို့ငယ်ငယ်ကတည်းကပိတ်ရက်တိုင်း အခုလိုပဲဖြတ်ကျော်နေကျဖြစ်သည်

Sundayဆိုရင်တော့မိဘမဲ့ဂေဟာလေးမှာလိုအပ်တာလေးတွေသွားလှူရင်း ကလေးလေးတွေနှင့်အတူ အချိန်ကုန်ဆုံးဖြစ်ကြသည်

အခုလည်းမိုးတွေရွာနေပေမဲ့ အိပ်ပုတ်ကအိပ်နေတုန်းမို့ Chaeလာနိုးကာ မနက်စာအတူတူစားဖို့ဖြစ်သည်

Chaeလာမနိုးမချင်း သူကထမှာမဟုတ်
လီလီကအစားထက်အအိပ်ကို ပိုမက်သည်
Chaeကတော့ အအိပ်ထက်အစားကိုပိုမက်ပါသည် Chaeအတွက်လီလီကပထမဆို အစားကလဲပထမပဲလေ သူတို့ကိုချစ်တာချင်းအတူတူပဲ..

Chaeသာသူ့အိမ်ကိုမသွားရင် နေ့လည်လောက်မှထပြီး Chaeဆီကိုလာတတ်သည်
အဲ့အချိန်မှ မနက်စာနေ့လည်စာပေါင်းစားတတ်တဲ့အိပ်ပုတ်လီလီကြောင့် သူ့အိမ်ကိုအရင်လာရခြင်းဖြစ်သည် မဟုတ်ရင်သူ မနက်စာစားဖြစ်မှာမဟုတ်တော့ဘူး

မမက ၉နာရီဆို Companyသွားပြီလေ
Chaeက လီလီကိုအသေးစိတ်ကအစစိတ်ပူပါသည် တစ်ခါတစ်ခါပြန်တွေးမိသည်
Chaeရဲ့အချစ်တွေ စိတ်ပူခြင်းတွေကို
လီလီပဲမမြင်နိုင်တာလား Chaeကပဲဖုံးဖိနိုင်လွန်းတာလား

Infinity 🌼Where stories live. Discover now