Part 25🌻(Uni+Zaw)

1.8K 163 7
                                    

Unicode

So " LiLi သွားကြစို့လေ Jennieကသွားပြီလား "

Li " အင်း.."

So " သွားကြမယ်လေLiLi ငါနင့်ကိုလိုက်ပြပေးမယ် "

လီလီကိုတစ်ချက်မှလှည့်မကြည့်ပဲ ကားပေါ်ကပြေးဆင်းသွားတဲ့ကောင်မလေးရဲ့ ကျောပြင်လေးကိုပဲမြင်ယောင်ရင်း

စိတ်ဆိုးသွားတာလား စိတ်ဆိုးနေရင်လည်းမျက်နှာလေးတော့ပြရမှာပေါ့ သူမမျက်နှာမမြင်လိုက်ရတော့ ဘာဖြစ်နေမှန်းလည်းမသိလိုက်ရဘူး

သူမအစပ်တွေစားတာများလို့ ဗိုက်အောင့်နေမလား နေလို့ကောအဆင်ပြေပါ့မလား ဘာမှလည်းသိပ်မစားခဲ့တော့ ဗိုက်များဆာနေမလား

ဟာ.. ငါဘာလို့အဲ့လောက်ထိလိုက်တွေး
နေရတာ အဲ့လောက်ထိတော့တွေးစရာမလိုဘူးထင်သည် သူမက ကလေးမှမဟုတ်တာပဲ

ဟူး.. ကလေးမဟုတ်ပေမဲ့ ကလေးထက်ပိုနူးညံ့တဲ့သူမ ဝမ်းနည်းလွယ်လွန်းတဲ့သူမ လူကိုတစ်ချက်မှမကြည့်ပဲတစ်ယောက်တည်းပြေးထွက်သွားတာက ဘာလို့လဲ

So " LiLi.. ငါပြောတာကြားရဲ့လား "

Li " ဟမ် အေး.. Somi ya ငါဒီနေ့တော့မလိုက်တော့ဘူး နောက်တစ်ခေါက်မှပဲလိုက်လည်တော့မယ် အခုတော့ငါသွားစရာရှိလို့
နောက်မှPhပြန်ဆက်ခဲ့မယ် ငါသွားပြီ "

So " LiLi.. ဘယ်သွားမလို့လဲ Lisa ya "

ပြောပြီးတာနဲ့ ပြေးထွက်သွားသော နောက်ကျောလေးကိုကြည့်ကာအော်မေးသော်လည်း သူကအဝေးတောင်ရောက်သွားပြီ

*
*
Jenတွေးရင်းတွေးရင်း ဝမ်းနည်းလာတဲ့စိတ်ကြောင့် သူ့ကားပေါ်ကနေအမြန်ဆင်းခဲ့လိုက်သည်

မျက်ဝန်းထဲက မျက်ရည်စတွေကလည်း ဘယ်အချိန်ကတည်းက ပါးပြင်ပေါ်ရောက်နေမှန်း သတိမထားမိလိုက်ပါ

ဘာလို့လဲ ဘာလို့ဒီလောက်လေးကိုတောင် ဝမ်းနည်းနေရတာလဲ မျက်ရည်တွေကဘာလို့ကျလာရတာလဲ ဘာလို့ခံစားနေရတာလဲ

Jenသူ့ကို အဲ့လောက်ထိချစ်မိသွားပြီလား အခုလိုခံစားရလောက်တဲ့ထိလေ

ဟာ.. မသိဘူး..မကြိုက်ဘူး.. သူ့ကိုအဲ့မိန်းခလေးကြည့်တဲ့အကြည့်တွေကိုလည်းမကြိုက်ဘူး သူ့ကိုမထိတထိပြောတာတွေကိုလည်းမကြိုက်ဘူး

Infinity 🌼Kde žijí příběhy. Začni objevovat