ဖန်ဇီကို xiangjing မြစ်အနားက ကဖေးမှာ သွားတွေ့ခဲ့တယ် ဖန်ဇီကြည့်ရတာ အံ့သြတုန်လှုပ်နေခဲ့တယ် ဒါပေမဲ့ သူ တစ်စုံတစ်ရာကို သတိထားမိသွားပုံဘဲ.. "ရှောင်စန်းရယ်လား??" လို့ ငါ့ကိုကြည့်ပြီး ခေါ်လိုက်တယ်...
"တကယ်ဘဲ ဖန့်ဇီကို လှည့်စားလို့မရပါလား" ပြုံးပြရင်း ပြောလိုက်တယ်
သူ ငါ့ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီး သက်ပြင်းအရှည်ကြီးချကာ ထိုင်ချလိုက်တယ်..
"ရှောင်စန်းရယ် ဘာတွေလုပ်နေတာလဲ ဒီမျက်နှာဖုံးကို ဘယ်ကရခဲ့တာတုန်း??"
ရှောင်ဟွား ပေးခဲ့တာဖြစ်ကြောင်း
အစီအစဥ်တွေအကြောင်း ပြောပြခဲ့ပြီး ဒါက နောက်ဆုံးနည်းလမ်းလို့ ယုံကြည်ကြောင်း ရှင်းပြခဲ့တယ်... သူ ငါ့မျက်နှာကိုကြည့်ပြီး အတော်အတန်ကြာ တိတ်နေခဲ့တယ် မျက်နှာဖုံးအကြောင်း စဥ်းစားနေဟန်ရှိတယ် သူ့မျက်နှာကို လက်နဲ့ အုပ်ရင်း "ရှောင်စန်းရယ် သေချာဆုံးဖြတ်ပြီးပြီလား??" လို့မေးလိုက်တယ်..(စကားပြောဟန်နဲ့ ရေးပါတော့မယ်)
ဝူရှဲ့-"ဆုံးဖြတ်ပြီးပြီ.."
ဖန့်ဇီ- "ရှောင်စန်းရယ်...သခင်သုံးရဲ့ဘဝက ထင်ထားသလို ရိုးရှင်းတဲ့ ဘဝမဟုတ်ဘူးနော်အကြောင်းအရာတွေ အများကြီးရှိတယ် ရှောင်စန်းရယ်ရဲ့ ပုံစံနဲ့ ကိုင်တွယ်နိူင်မှာမဟုတ်ဘူးနော်
ငါတို့ ဘယ်လိုလူတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သိလို့လား..မင်းက ဒီလောကရဲ့ နူးညံ့တဲ့အခြမ်းကိုဘဲ မြင်နေရတာ ဒီလောကအစစ်အမှန်က မင်းထင်ထားသလို ဖြစ်မှာ မဟုတ်ဘူး.."
ဖန့်ဇီကို စိုက်ကြည့်ရင်း ဖန့်ဇီ သတိပေးနေတာ ငါကောင်းဖို့အတွက်ဘဲဆိုတာ နားလည်ခဲ့တယ်...
ဝူရှဲ့-"ငါ သူတို့ကို သွားကယ်ချင်တယ်..ငါ သူတို့ကို တကယ်သွားကယ်ချင်တယ် ဒီလိုမျိုးအဆုံးမသတ်ချင်ဘူး...မင်းမလုပ်နိုင်ရင် ငါလုပ်မယ်"
ငါ့ကို စိုက်ကြည့်ရင်း
ဖန့်ဇီ-"ဒီမျက်နှာဖုံးက ဘယ်လောက်ခံမှာလဲ??"
ဝူရှဲ့-"လေးပတ်"ဖန့်ဇီ-"အချိန်မရှိတော့ဘူး...ငါတို့မြန်မြန်လှုပ်ရှားဖို့လိုတယ်.."
သူသဘောတူလိုက်ပြီဆိုတာ ငါသိလိုက်တယ်..သူ့ကိုစိုက်ကြည့်ရင်း
ဝူရှဲ့-"ငါတို့အရင်ဆုံးဘာလုပ်ကြမလဲ?? အရင်ဆုံး ဝမ်ဘရှီ အကောင့်ကို စစ်သင့်လား??"
ခေါင်းခါရင်း ဖန့်ဇီ-"ငါ မင်းကို ရှောင်စန်းရယ်မှန်း ဘယ်လိုသိလဲ သိလား??"
ဝူရှဲ့-"မသိဘူး"
ဖန့်ဇီ-"မင်းတုံ့ဆိုင်းနေခဲ့တယ် ငါ့ကိုမြင်တဲ့အချိန်မှာ မင်းမျက်နှာ တစ်ခုလုံး တုံ့ဆိုင်းသွားတယ် အဲ့ဒါမင်းရဲ့ အသွင်အပြင်ဘဲ သခင်သုံးမှာ အဲ့လိုအသွင်အပြင်မရှိဘူး..."
သူခဏနားပြီး"ပထမဆုံးလုပ်ရမှာက မင်းမှာချို့ယွင်းချက်မရှိအောင်ပြင်ဆင်ရမယ် သူတို့အားလုံးက experts တွေဘဲ အဲ့တော့မင်း သူတို့ကို လိမ်လို့ရမှာမဟုတ်ဘူး"
ငါ့မျက်နှာကို ငါကိုင်ရင်း"ငါတကယ်ဘဲ တုံ့ဆိုင်းနေခဲ့တာလား??" လို့တွေးမိတယ်...
ဖန့်ဇီက ငါ့ကို လက်ညှိုးထိုးပြီး
"အဲ့ မျက်နှာထားဘဲ ဒီလိုပုံစံကို လုံးဝဖျောက်ပစ်ရမယ်"လို့ပြောခဲ့တယ်