အခန်း(5)- ဝူစန်းရှင်း ပြန်လာပြီ

407 53 3
                                    

လက်ဖက်ရည်ဆောင်ထဲ ဝင်ပြီး အပေါ်ထပ်ကို တက်လာတဲ့အချိန် ထူးထူးဆန်းဆန်း ခံစားမိတယ်..
အရင်တုန်း အကြောင်းတွေကို သတိရမိတယ် အရင်က ဒီကို ဦးလေးသုံးနဲ့အတူ ခနခနရောက်ဖူးခဲ့တယ်  အဲ့တုန်းက ငါ တော်တော်ငယ်သေးတယ် မှတ်မိတာဆိုလို့ ဒီတစ်ဆောင်လုံး ဆေးလိပ်ငွေ့တွေနဲ့​ပြည့်နေပြီး မာကျောက်ကစားကြတဲ့ လူကြီးတစ်သိုက်ရဲ့ ရယ်မောသံတွေကို ကြားခဲ့ရတာဘဲ အဖေနဲ့လာတုန်းကတော့ ​မပြန်ခင် မုန့်ဖိုးတွေရခဲ့ဖူးတယ်

နေရာတစ်ခုထဲ ဒီလူတွေနဲ့ဘဲ ဘာတွေထပ်ကြုံရဦးမလဲဆိုတာ မခန့်မှန်းတတ်အောင်ပါဘဲ

လက်ဖက်​ရည်ဆောင်ရဲ့ ဒုတိယထပ်မှာ ဝရန်တာပါတဲ့ သီးသန့်အခန်းများစွာ ရှိတယ် ငါတို့ဖျက်ဆီးခဲ့တဲ့ လခြမ်းဟိုတယ်နဲ့မတူတာကတော့ ဒီနေရာရဲ့အခန်းအပြင်အဆင်က တော်တော်ဆိုးဝါးတာဘဲ ကြမ်းခင်းကိုလည်း ဝါးနဲ့ဆောက်ထားပြီး ဆေးခနခန​ဆိုးထားပုံပေါ်တယ် အရောင်တွေက အဖြူတစ်ကွက် အဝါတစ်ကွက်နဲ့ အခန်းအနံ့ကလည်း ဆေးလိပ်နံ့နဲ့တူတယ် ပြန်ပြင်ထားတာ ဘယ်လောက်ကြာပြီလဲမသိပေမဲ့ ဆေးလိပ်နံ့ကတော့ မပျောက်သေးဘူး...

ဖန့်ဇီကရှေ့မှဦးဆောင်ပြီး လျှောက်လမ်းအဆုံးက သီးသန့်အခန်းဆီ ငါတို့ကိုခေါ်သွားတယ်
သူက လိုက်ကာကိုမပေးပြီး ငါတို့တွေအထဲကို ဝင်ခဲ့​ကြတယ် အခန်းထဲမှာ နေရာလွတ်တွေ အများကြီးဘဲ မဟော်ဂနီရောင်စားပွဲရှည်ကြီးအပြင် နဂါးပိုးနဲ့လုပ်ထားတဲ့ကူရှင်ပါတဲ့ ထိုင်ခုံခြောက်လုံးပါ ရှိနေတယ် ပြတင်းပေါက် အပြင်ဘက်မှာတော့ အောက်ထပ်ရဲ့မြင်ကွင်းကို
အထင်းသားမြင်နေရတယ်  ငါ အဲ့ကိုတစ်ချက်ကြည့်ပြီး ငါ့သရုပ်မှန်သာ ပေါ်သွားရင် အဲ့ကနေခုန်ကျော်ပြီး ထွက်ပြေးရမယ်လို့ တွေးမိတယ်

ဒါပေမဲ့ ကြည့်လည်းကြည့်ပြီးရော ငါ့နှလုံး ရပ်မလိုဖြစ်သွားတယ် အောက်ထပ်တစ်ခုလုံး လူတွေအပြည့်ဘဲ လမ်း​မပေါ်မှာလည်း လမ်းဘေးဝဲယာ ကားအပြည့်ရပ်ထားကြတယ် ငါတို့နွေဦးပွဲတော်အတွက် လက်မှတ်ရောင်းနေသလား မှတ်ရတယ် ငါ အဲ့က ခုန်ချရင်တောင် ပြေးလွတ်မှာမဟုတ်ဘူး

အဆုံးသတ်ပန်းတိုင်Where stories live. Discover now