ရေချိုးခန်းထဲကမှန်ကို အချိန်အတော်အတန်ကြာကြည့်ရင်း ငါ့စိတ်တစ်ခုလုံး ဗလာဖြစ်နေခဲ့တယ်... မှန်ထဲကလူဟာ ငါနဲ့ရင်းနှီးပေမဲ့ သူက ငါမဟုတ်ဘူး
လွတ်လမ်းတွေ့လို့ စိတ်သက်သာရပေမဲ့ ကြောက်နေမိတယ် ဒီမျက်နှာဖုံးကြောင့် ဝူရှဲ့ဆိုတဲ့ ငါ့ရဲ့ကံတရားကနေ လွတ်မြောက်နိုင်ပေမဲ့ ပိုပြီး ခက်ခဲတဲ့ ဘဝတစ်ခုကို ငါတိုးဝင်ရတော့မယ်..အနာဂတ်မှာ ဘာတွေ ဆက်ဖြစ်ဦးမလဲဆိုတာ မခန့်မှန်းတတ်အောင်ပါဘဲ..အစပိုင်းမှာ ငါ့မျက်နှာကို မှန်ထဲမကြည့်ရဲပေမဲ့..ခုတော့ နေသားကျလာပြီလေ..မဝတ်ခင်တုန်းက မျက်နှာဖုံးက လူအစစ်နဲ့တူလိမ့်မယ်လို့ ငါတစ်ခါမှ မထင်ခဲ့ဖူးဘူး..အနီးကပ်ကြည့်ရင်တောင်မှ မျက်နှာနှစ်ခုကြားမှာ ကြီးကြီးမားမား ကွဲပြားနေတာ မရှိဘူး.. ရှိခဲ့ရင်တောင် နည်းနည်းလေး ကြမ်းနေတာကလွဲလို့ပေါ့...ရှီးရှားကျွန်းမှာ အစ်ကိုလေး ဒါကိုသုံးပြီး မျက်နှာပြောင်းတုန်း တော်တော်မိုက်တာဘဲ လို့ ငါထင်ခဲ့တာ...ခု ငါလည်း တော်တော် သဘောကျနေပြီ ဒီလို skill ဆိုတာ နေ့ချင်းညချင်း ရလာတာမဖြစ်နိုင်ဘူး😔
ငါ့ဆံပင်ကိုလည်း အရောင်ပြောင်းလိုက်တယ်...ဦးလေးသုံးရဲ့ အမာရွတ်တွေက သူ နှစ်ပေါင်းများစွာ ကြုံတွေ့လာရတဲ့ နာကျင်မှုတွေဘဲ ဒါမဲ့ သူနဲ့တူဖို့ ငါ့အတွက်တော့ နာရီအနည်းငယ်ဘဲ ကြာလိုက်တယ်...ပြောရရင်တော့ သူ့ရဲ့ နာကျင်မှုတွေကို ငါမခံစားခဲ့ရဘူးပေါ့..
မှန်ထဲက ဦးလေးသုံးကိုကြည့်ရင်း...ရှဲ့လျန်ဟွမ်လည်း ဦးလေးသုံးရဲ့ မျက်နှာဖုံးကို တပ်တုန်းက ဒီလိုစိတ်မျိုးရေအာင်လေ့ကျင့်ခဲ့ရမှာဘဲ..နှစ်ပေါင်းများစွာ ကြာတော့လည်း ပျက်စီးပြီပေါ့...လူမျက်နှာဖုံးကပျက်စီးနိူင်ပေမဲ့ နှလုံးသားမျက်နှာဖုံးကရော??? လို့တွေးနေခဲ့မိတယ်နာရီတစ်ချက်ကြည့်ပြီး..အချိန်တန်ပြီဆိုတာကို တွေ့လိုက်တယ်..မျက်နှာသစ်ပြီး တာဝါနဲ့ သုတ်လိုက်ပေမဲ့ မျက်နှာဖုံးက မကွာကျလာဘူး ဆိုတော့ နောက်ဆုံးအဆင့်အောင်မြင်သွားပြီနဲ့တူပါတယ်..
အိပ်ခန်းထဲ မဝင်ခင် တစ်ချက်ပြန်ကြည့်ပြီး..အိပ်ယာပေါ်မှာ လဲလျောင်းလိုက်တယ်..အနာဂတ်မှာ ဘာဆက်လုပ်ရမလဲ ဘာလိုပြောရမလဲ အရာအားလုံးကို တွေးကြည့်နေပမဲ့ စိတ်ထဲမှာ ဗလာကျင်းဖြစ်နေခဲ့တယ် သေချာတာကတော့ တစ်ခုခုကိုတွေးနေတယ်ဆိုတာဘဲ..
ငါ့ရဲ့ ပထမဆုံးအတွေးကတော့ အဝတ်တွေ ချွတ်ပစ်ပြီး အပြင်မှာ လျှောက်သွားဖို့ဘဲ😌 ဘာဘဲဖြစ်ဖြစ် ငါ့မျက်နှာမှ မဟုတ်တာ
အဲ့တော့ မျက်နှာပျက်မှာဆိုးလို့ မလုပ်ဖြစ်တဲ့ အရာတွေ အကုန် လျှောက်လုပ်ပစ်မယ် မိန်းကလေးရေချိုးခန်းထဲ ပြေးဝင်တာမျိုးတို့
ဘာတို့ပေါ့...လုပ်ချင်တဲ့စာရင်းကတော့ ပြောကုန်မှာမဟုတ်တော့ဘူး ဒါပေမဲ့ ငါက ပျင်းစရာကောင်းတဲ့ လူစားမျိုး မဟုတ်ဘူးလို့ပြောရင်း အတွေးတွေကို ရပ်တန့်ပစ်လိုက်တယ်ဦးလေးသုံးရဲ့ အဆက်အသွယ်တွေကို သုံးပြီး အစ်ကိုလေးတို့ကို ကယ်ဖို့ ငါ ဒီမျက်နှာဖုံးကို တပ်ထားရတာဖြစ်တယ် ဒါပေမဲ့ ပထမဆုံး ငါက ဦးလေးသုံးမဟုတ်ဘူးဆိုတာ တခြားသူတွေ
မသိအောင် လုပ်ရမယ် ဆိုတော့ကာ အထူးလေ့ကျင့်ရမှာ ဖြစ်တဲ့အတွက် ငါ့အသံက ဦးလေးသုံးနဲ့မတူသေးဘူး ရယ်ပြီးအော်ရုံလောက်နဲ့ တခြားသူတွေကို ခြိမ်းခြောက်လို့ရမှာမဟုတ်ဘူး ငါ့ရဲ့အာရုံအရ ခဏလေးနဲ့ ပေါ်မှာဘဲ😎
သူတို့ကို တိုက်ရိုက်တိုက်ခိုက်မဲ့အစား အနည်းဆုံးလွယ်လွယ်ကူကူဖြစ်မဲ့ အခြားနည်းလမ်းတစ်ခုနဲ့ ကိုင်တွယ်ရလိမ့်မယ် ..ငါ သူတို့နဲ့ ထိပ်တိုက်မရင်ဆိုင်ရင် အကောင်းဆုံးဘဲ သူတို့ကို ဝေးဝေးမှာထားပြီး တစ်ဆင့်ခံစကားပြောရလိမ့်မယ်
ငါ ဖန်ဇီရဲ့ အကူအညီကို ယူသင့်တယ် ဘာလို့လဲဆိုတော့ ဖန်ဇီက ဦးလေးသုံးအကြောင်း အသိဆုံးဖြစ်ပြီး ဦးလေးသုံးလက်အောက်က ဒီလိုcaseတွေနဲ့ ရင်းနှီးတယ် ဒါပေမဲ့ ငါ ဖန်ဇီကို နောက်တစ်ကြိမ် ထပ်မပါစေချင်တော့ဘူး..ဖန်ဇီကလွဲပြီး ဘယ်သူငါ့ကို ကူညီနိုင်သေးလဲ?? ဘယ်လောက်ဘဲ စဥ်းစားစဥ်းစား ကူညီနိုင်မဲ့သူမရှိဘူးဖြစ်နေတယ် ဦးလေးသုံးမရှိဘဲ ငါက ဒီနယ်ပယ်မှာ ဘာမှမရှိဆိုတာ နားလည်လာခဲ့တယ်..ငါ ဖုန်းကိုယူလိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် လိုက်ဆက်သွယ်ခဲ့တယ်.. နှစ်အနည်းငယ်အတွင်းမှာ အရာအားလုံးပြောင်းလဲကုန်ပြီဆိုတာ သိလိုက်ရတယ်.. အခု အရာအားလုံး အရင်နဲ့ မတူတော့ဘူး😟
ငါ့ဖုန်းထဲ ဖန်ဇီရဲ့ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး "တောင်းပန်ပါတယ်"လို့ရေရွတ်ရင်း ph ခေါ်လိုက်တယ် ...ဖန်ဇီ ပြန်မလာသေးဘူးထင်တယ် မဟုတ်ရင် သူ ဖုန်းကိုင်မှာ သေချာတယ် ညဉ့်နက်နေပြီ ဖန်ဇီ ဘာတွေ လုပ်နေလဲမသိဘူး ငါ့ကိုမြင်ရင် ဖန့်ဇီဘယ်လိုဖြစ်မလဲ သိချင်မိတယ်..ဘာလို့လည်းမသိပေးမဲ့ ဒါကရယ်စရာကောင်းပြီး အနည်းငယ်စိတ်ညစ်မိတယ်
Ph ထဲမှာ ဖန်ဇီကို ထွေထွေထူးထူးမပြောတော့ဘဲ တွေ့ဖို့စီစဥ်လိုက်ကြတယ် သူ့အသံက တော်တော်လေးတည်ငြိမ်နေပုံဘဲ
ငါ ဗီရိုထဲကနေ အဝတ်တစ်စုံ ထုတ်ဝတ်လိုက်တယ်.. ပြီးတော့ ဝန်ထမ်းက ဦးလေးသုံးဝတ်လေ့ရှိတဲ့ coat လာပေးလို့ လဲဝတ်လိုက်တယ်.... coat က ငါနဲ့ကွက်တိဘဲ ရှောင်ဟွားရဲ့ဝန်ဆောင်တွေကအမိုက်စားဘဲ😇
အာ့ကြောင့် ငါ သူ့ကို ကျေးဇူးတင်ကြောင်း messageပို့လိုက်တယ် သူ reply မပြန်ခဲ့ဘူး
ငါ တံခါးအပြင်ဘက်ထွက်လာတဲအချိန် ငါ့ကိုယ်ငါ ဦးလေးလို့ သတိပေးနေခဲ့တယ် ဒါပေမဲ့ အဲ့လိုလုပ်ဖို့မလိုပါဘူး ဧည့်ဆောင်ကို ဖြတ်ရင်း ရောင်ပြန်ကနေတစ်ဆင့်ငါ့ကိုယ်ငါ မြင်လိုက်တယ် ငါ့မျက်လုံးတွေက ပုံမှန်နဲ့ မတူဘဲ အေးစက်စက်ဖြစ်နေခဲ့တယ်