တစ်ခုခုမှားနေပြီဆိုတာ သိပြီးတဲ့နောက် ငါစကားပြောမိမလို ဖြစ်ခဲ့တယ်... ငါသာ စကားပြောလိုက်မယ်ဆိုရင် ချက်ချင်းဘဲ ပေါ်သွားလိမ့်မယ်... စကားမပြောရင်တောင်မှ နောက်ဘာဆက်လုပ်ရမလဲဆိုတာ တွေးထားသင့်ပြီ
ဒီအချိန်မှာ ငါဘာလုပ်သင့်လဲ??ဦးလေးသုံးဆိုရင်ကော ဘာလုပ်မှာလဲ??
ဝမ်ဘရှီ ငါ့ဆီ လျှောက်လာတာကိုကြည့်ပြီး ငါစိတ်တွေ ရှုပ်ထွေးနေခဲ့တယ် ....သူ ငါ့မျက်နှာကို တည့်တည့်ကြည့်ပြီး အံ့သြနေခဲ့တယ်
အမှန်တရားကို ဖုံးကွယ်ဖို့အတွက် သူ့ဆီ တည့်တည့်လျှောက်သွားပြီး
ငါ့ရဲ့ ဘယ်ဘက်လက်နဲ့ သူ့ရဲ့နှာရိုးကို ခပ်ပြင်းပြင်းရိုက်ပစ်လိုက်တယ် သူ အငိုက်မိပြီး မြေပြင်ပေါ်
လဲကျသွားတယ်... ငါ့လက်လည်း
တော်တော်နာသွားခဲ့တယ် ဒါပေမဲ့ အံကြိတ်ပြီး သူ့ကို ထပ်ကန်လိုက်တယ် ဘရှီတစ်ယောက် ဝက်တစ်ကောင်လို ခွေသွားခဲ့တယ်... သူနဲ့ ထမင်းစားတုန်းက စကားကို သတိရပြီး ဒေါသထွက်လာခဲ့တယ် သရုပ်မှန်ပေါ်သွားလား မပေါ်သွားလားမသိပေမဲ့ သူ့ကိုဆက်တိုက်ကန်နေခဲ့တယ်...ဘရှီက ကြမ်းတမ်းတယ်လို့ထင်ရပေမဲ့ သူကကောင်းကောင်းမတိုက်ခိုက်တတ်ဘူး အဲ့တော့ သူပြန်မချနိူင်ခဲ့ဘူး... သူ့နောက်မှာရှိတဲ့ လူလေးယောက်ကလည်း ရုတ်ရုတ်တည်းတည်း ဖြစ်သွားခဲ့တယ် ဖန့်ဇီက ငါရှေ့ထွက်လာပြီး
"သေချင်ရင် ထပ်လာခဲ့လိုက်လေ
မင်းတို့ကို သုံးမိနစ်အတွင်းမသတ်နိုင်ရင် ငါက ခွေးမသားအစစ်ဘဲ"
လို့ ပြောခဲ့တယ် ...လူတိုင်းက ဖန့်ဇီအကြောင်း ကောင်းကောင်းသိကြလို့ တစ်ချက်မှ မလှုပ်ရဲကြဘူး...ငါ့လက်တွေ ထုံနေပြီး ဘရှီ ဒဏ်ရာထက် ငါ့လက်က ပိုကုရမယ်ထင်တယ်... ငါ အဲ့လောက်ထိ ခံနိူင်ရည်ရှိတော့မှာ မဟုတ်တော့ဘူး အဲ့တော့ ဘရှီကို နည်းနည်းထပ်ကန်ပြီး လှည့်ထွက်လာခဲ့တယ် ...
ငါ ထွက်လာပြီးနောက် ဖန့်ဇီက သူတို့ကို တတွေးထွေးပြီး လိုက်လာခဲ့တယ် ငါတို့ လမ်းထောင့် ရောက်တဲ့အချိန်မှာ အဲ့လူလေးယောက် ဝမ်ဘရှီကို ကူညီနေကြတာကို လှမ်းတွေ့လိုက်တယ်..
သူတို့ မမြင်နိုင်တဲ့နေရာကို ရှောင်ထွက်ပြီးတော့ ငါ့လက်ကို ကြည့်မိလိုက်တယ် တော်တော်ယောင်နေပြီဘဲ...