အခန်း(4)-ရှဲ့ယူဟွားရဲ့လောကကြီး

401 55 2
                                    

လူများတာကြောင့်ရော အာဏာရှိတာကြောင့်ပါ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားခဲ့တယ်...

ရှောင်ဟွားက ​ထွက်ပြေးသွားတဲ့လူတွေကိုကြည့်ပြီး ဖုန်းကို အိတ်ကပ်ထဲထည့်ခဲ့တယ် သူ့နောက်လိုက်တွေကို လိုက်သွားဖို့အချက်ပြလိုက်တယ်...

အဲ့လူတွေ ဝေးဝေးရောက်သွားတာမြင်ပြီး ငါက ရှောင်ဟွားကိုပြောလိုက်တယ်"ထားလိုက်ပါတော့"

ဖန့်ဇီရောက်လာပြီး "သခင်လေးဟွား လုပ်တာမှန်တယ် အဲ့ကောင်တွေ လုပ်ခဲ့တာတွေအတွက် တန်ရာတန်ကြေးပေးသင့်တယ် မဟုတ်ရင် ငါတို့ကိုဆန့်ကျင်ဖို့ လူထပ်ရှာလိမ့်မယ် သူတို့ ထပ်ကြိုးစားခဲ့မယ်ဆိုရင် သူတို့လုပ်ရပ်ရဲ့အကျိုးဆက်ကို သိလာလိမ့်မယ်" ဖန်ဇီက ရှောင်ဟွားကိုကြည့်လိုက်ပြီး "သခင်လေးဟွား တစ်ခုလောက်အကူအညီတောင်းပါရစေ"
ရှောင်ဟွား-"ဖန့်ဇီ ဖြေရှင်းနိုင်လို့လား?"
ဖန့်ဇီတွေးနေတုန်း
ရှောင်ဟွား- "ကားထဲဝင်"
ဖန့်ဇီ ငါ့ကိုပြုံးပြပြီး "သခင်သုံး သွားကြစို့" လို့ပြောလိုက်တယ်

ငါ့စိတ်ထဲမှာ တွေးလိုက်မိတယ် သေစမ်း ငါ့ကိုယ်ငါ အရူးဖြစ်အောင်များ စီစဥ်ထားသလားမှတ်ရတယ် ကားထဲဝင်ပြီးနောက် တခြားသူတွေကိုပါ ဝင်ခိုင်းလိုက်တယ်...

ရှောင်ဟွားကကားမောင်းပြီး ငါက ရှေ့ခုံမှာ ​ရှို့ရှို့နဲ့ဖန့်ဇီက နောက်ခုံမှာ ရှို့ရှို့က ဖန့်ဇီဒဏ်ရာကို ဆေးထည့်ပေးနေခဲ့တယ် ကားတစ်ခုလုံး သွေးနံ့တွေလှိုင်နေပြီး
ဖန့်ဇီ-"sorry ကားကို ညစ်ပတ်စေမိပြီ"
ရှို့ရှို့-"ပထမဆုံးမှမဟုတ်တာ သခင်သုံးနောက်လိုက်ပြီး ဒီလိုခနခနကြုံရတယ်မလား?"
ဝူရှဲ့-"ဘယ်သွားနေတာလဲ? ငါတို့ကို ဘာလို့လာကူညီတာလဲ?"
ရှောင်ဟွားက မဖြေဘဲ ကားကိုဆက်မောင်းနေခဲ့တယ် ဒါပေမဲ့ ငါ့ကိုတစ်ချက်ကြည့်ပြီး "အဲ့ကောင်မလေးက ပိုက်ဆံပေးရတန်သားဘဲ"

ငါ့ကို မျက်နှာဖုံးတပ်ပေးတဲ့တစ်ယောက်ကို ဆိုလိုမှန်းသိသားဘဲ
မျက်နှာဖုံးကို ထိကြည့်လိုက်ပြီး
ဝူရှဲ့-"မင်းဘဲပြောတော့ ဒါက မင်းကူညီနိူင်တဲ့ နောက်ဆုံးနည်းလမ်းဆို မင်းဘာလို့ ချန်းရှရောက်နေတာလဲ?"
ရှောင်ဟွား-"ငါ ဒီကိုမင်းအတွက် လာတာမဟုတ်ဘူး သခင်သုံးအတွက်လာတာ မင်းကို လာကူညီနေတာမဟုတ်ဘူး မင်းက ငါ့ကို ကူညီနေတာ"

အဆုံးသတ်ပန်းတိုင်Where stories live. Discover now