အခန်း (7) အပိုင်း(1)_ ဝူရှဲ့ရဲ့တန်ပြန်တိုက်စစ်

242 37 2
                                    

ရှောင်ဟွားက ချက်ချင်းတုံ့ပြန်ချင်ပေမဲ့ ငါရေးတဲ့စာကိုမြင်ပြီး ခဏရပ်သွားခဲ့တယ် ငါ ဒီလိုအဖြေမျိုးရေးလိမ့်မယ်လို့ သူမျှော်လင့်ထားပုံ မရဘူး သူ လှည့်ကြည့်ပြီး ပြောလိုက်တယ် "သခင်သုံးက မင်းတို့ကို ချန်ပီအာစစ်ဘယ်မှာလဲဆိုတာ သိစေချင်တယ်တဲ့"...

အောက်ကလူတွေ တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ပြီး တစ်ယောက်က တီးတိုးပြောခဲ့တယ်
" ငါတို့ သူအကြောင်းမကြား​တာ​တောင် ကြာနေပြီ"

ငါ စာရွက်ပေါ်မှာဆက်ရေးခဲ့တယ်
ရှောင်ဟွားက ပြုံးလိုက်ပြီး " ဘာလို့ သူ့အကြောင်းမကြားတာလဲ သိလား?"

ဘယ်သူမှ ဘာမှဝင်မပြောကြဘူး
ဒါကြောင့် ရှောင်ဟွားက ထပ်ပြောလိုက်တယ် " သခင်သုံးက ပြောတယ် မင်းတို့သူကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူး ဒီနယ်ပယ်ကလူအချို့နဲ့ သူက ဆက်ဆံရေးကောင်းတွေ ရှိပေမဲ့ ကံမကောင်းစွာဘဲ သူ ပြန်လာတော့မှာ မဟုတ်ဘူး "

လူအချို့ ရုတ်တရက်မျက်နှာအရောင်ပြောင်းသွားတာကို မြင်ပြီး ငါ့ကိုငါ ရေရွတ်လိုက်တယ်...
ချန်ပီအာစစ် ဘယ်လိုသေသွားတယ်ဆိုတာ လူနည်းနည်းဘဲသိတာ ဆိုးလိုက်တာ ငါသိနေခဲ့တယ် သူက ဦးလေးသုံး ထွက်သွားတဲ့နောက် ဒီနယ်ပယ်ကို စွက်ဖက်လာတယ်ဆိုတာ အရေးကြီးဆုံးကတော့ ငါ သိနေခဲ့တယ် သူဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာကို အဲ့တော့ ချန်ပီအာစစ်ကို ငါသတ်ခဲ့သလိုမျိုး ရည်ညွှန်းပြလိုက်တယ် ...

ရှောင်ဟွား -" လူတိုင်းမှာ သူ့ကိုယ်ပိုင်နည်းလမ်းဆိုတာရှိတယ်..သခင်သုံးရဲ့နည်းလမ်းကတော့ တစ်ကြိမ်တည်းနဲ့ အနာဂတ်မှာ အားလုံးအတွက် ပြသနာမတက်အောင် ဖြေရှင်းလိုက်တာဘဲ မင်းတို့သိထားဖို့က ကိုင်တွယ်ဖြေရှင်းရာမှာ အကြင်နာကင်းမဲ့စွာ ဖြေရှင်းဖို့လိုတယ် ဒါက ဖြေရှင်းချက်ကောင်းမဟုတ်ဘူးလား? သခင်သုံးက ဒီတစ်ချိန် ခွဲစိတ်မယ်ဆိုရင် သခင်ချန်က ဒါကို အခွင့်အကောင်းယူလိမ့်မယ်ဆိုတာ သိခဲ့တယ် ခွဲစိတ်တာက စိုးရိမ်ရလို့ ဒီပြသနာအတွက် ဘယ်လိုဖြေရှင်းသင့်လဲဆိုတာ ​သခင်သုံးက ကြိုတင်ပြင်ဆင်ထားခဲ့တယ် သူ မင်းတို့ကို မပြောဘူးဆိုတာ မင်းတို့ပါးစပ်တွေက မလုံလို့ဘဲ ကဲ ခုတော့ ကံမကောင်းစွာနဲ့ဘဲ ငါတို့ညီအစ်ကိုတစ်ချို့မရှိတော့ဘူး ဒါပေမဲ့ တန်ပါတယ်လေ ညီအစ်ကိုတို့လည်း သခင်ချန့်နယ်မြေနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ရမလဲဆိုတာ သိမယ် ထင်ပါတယ်"...

အဆုံးသတ်ပန်းတိုင်Where stories live. Discover now