မနက်က ဝမ်ဘရှီ ငါတို့ကိုဆန့်ကျင်တာကို မှတ်မိလိုက်ပြီး ဒါက ဖြစ်နိုင်တယ်လို့ တွေးမိတယ် ငါ ကြည့်လိုက်တော့ သက်လတ်ပိုင်း အမျိုးသမီးက သူ့နောက်လိုက်မဲ့ပုံဘဲ..
ရန်ပွဲအဖြစ်ပြောင်းသွားရင်တော့ ပြသနာကြီးပြီ ရှောင်ဟွားကလည်း လူအများကြီးမခေါ်ခဲ့ဘူး
ငါ့မှာလည်း လူမရှိဘူး ဝမ်ဘရှီသာ လူတွေခေါ်ခဲ့မယ်ဆို ငါတို့ အခွင့်အရေးတောင် ရလိုက်မှာမဟုတ်ဘူး...ငါ သူ့ကို ချက်ချင်းရပ်ခိုင်းဖို့တွေးလိုက်တယ် ဒါပေမဲ့ ဘာပြောရမှန်းမသိဘူး ငါ့အာရုံတွေ မီးပွင့်နေပြီလို့ ခံစားရတယ် ရှောင်ဟွားလည်း ငါ့လိုဘဲ ခံစားရလောက်တယ် ရှောင်ဟွားက ချက်ချင်းအော်ပြောခဲ့တယ် "လျိုလင်ယု မင်း စာရင်းစာအုပ် မပေးပြီးမချင်း မသွားရဘူး"
ငါးစိမ်းသည်က လုံးဝနားမထောင်ဘဲ ပြေးဖို့လမ်းရှာနေခဲ့တယ်..
သူပြေးမယ်ကြံရုံရှိသေး ဖန့်ဇီ ထိုင်ခုံကနေ ထလိုက်တယ်..
အဲ့အချိန် ငါ အံ့သြဖွယ်မြင်ကွင်းကို မြင်ခဲ့တယ် လူတိုင်း မမျှော်လင့်ဘဲ နောက်ဆုတ်သွားပြီး တီးတိုးသံတွေ ရုတ်တရက် ပျောက်သွားခဲ့တယ် ငါးစိမ်းသည်က ရပ်ပြီးဖန့်ဇီကို ကြည့်သည့်တိုင် မြင်ကွင်းကတိတ်ဆိတ်လွန်းခဲ့တယ်..
အဲ့အခြေအနေကို မြင်ပြီးနောက် ငါ့အမူအရာကို ထိန်းချုပ်ဖို့ခက်နေခဲ့တယ် ငါ့အမူအရာကို ကွယ်ဖို့ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး သောက်လိုက်တယ်...တစ်ချိန်တည်းမှာဘဲ သက်ပြင်းတစ်ချက်ချပြီး အမူအရာကို ထိန်းလိုက်တယ်
ငါ အခန်းထဲကိုပြန်ကြည့်လိုက်တယ် ဖန့်ဇီကထလာပြီး လေရှူထုတ်ရင်း ဘယ်သူ့ကိုမှမကြည့်ဘဲ
ငါးစိမ်းသည်ဆီ သွားခဲ့တယ်...ဘယ်သူမှမလှုပ်ကြဘဲ ငါးစိမ်းသည်ကို စိုက်ကြည့်နေခဲ့ကြတယ် ငါးစိမ်းသည်လည်း ရုတ်တရက်တုန်သွားပြီး ပြောခဲ့တယ်"သခင်ဖန့် ဘာလိုချင်လို့လဲ?
ညီအစ်ကိုတွေ ကြည့်နေကြတယ်နော် မင်းဒီလိုလုပ်မယ်ဆို ငါတို့လည်း လုပ်ရလိမ့်မယ် ပြီးမှနောင်တမရနဲ့"ဖန့်ဇီမျက်နှာတစ်ခုလုံး.............တွေနဲ့ပြည့်ပြီး သူပြောတာကို အာရုံမစိုက်ခဲ့ဘူး ငါးစိမ်းသည်က စအော်ခဲ့တယ် "အာလျန် အာဘန် ကယ်......"