Unicode
" Jimin... ဆေးရုံ မသွားလို့ဖြစ်ရဲ့လား "
တစ်ခါမှ မငေးငိုင်နေစဖူး ငေးငိုင်နေမိသည်..
ငေးငိုင်နေလို့ အတွေးတစ်ခုခုရှိနေတာလားဆိုတော့လည်း မဟုတ်ဘူး
ခေါင်းထဲမှာက ဗလာနတ္ထိ...." ဆေးရုံထိ သွားဖို့ မလိုပါဘူး ... ဒီလောက်ဒဏ်ရာလေးနဲ့ "
ဘယ်ရန်ပွဲမှာပဲဖြစ်ဖြစ် ကိုယ့်ဘာသာ အထိမခံတာမို့ ခန္ဓာကိုယ်မှာ ဘာဒဏ်ရာမှ မရဖူးဘူး
ဒါပေမယ့်လည်း ဒီဝမ်းဗိုက်က သွေးယိုနေတဲ့ နာကျင်မှုထက် ရင်ဘတ်ထဲက ယူကျုံးမရဖြစ်နေတဲ့ တင်းကျပ်မှုကြီးက မခံမရပ်နိုင်..." ဘာစားဦးမလဲ... ဆေးတော့ သေချာထည့်ပြီး ပတ်တီးနဲ့ ပိတ်စည်းပေးထားတယ် ... ဆန်ပြုတ်လေးပဲဖြစ်ဖြစ်... ငါ အိမ်တော်ထိန်းကို လုပ်ခိုင်းလိုက်မယ် .... အနာမရင်းအောင် ဆေးသောက်ရမယ်လေ .... "
" ရတယ်... မလိုဘူး မနက်ကျ meetingရှိသေးတာမလား ငါအိပ်တော့မယ် ... မင်းလည်း နားတော့ Sungho "
သူ ငါ့ကို မချစ်နိုင်ရင်တောင် အနည်းဆုံးတော့ သံဃောဇဉ်လေးတော့ ရှိမယ်ထင်တာ... ငါပဲ မှားတာပါ
သန်းခေါင်ရောက်နေပြီမလို့ အတင်းအကျပ် မျက်လုံးမှိတ်ကာ အိပ်ပျော်အောင် ကြိုးစားလိုက်သည်
အနည်းဆုံးတော့ အိပ်နေရင် နာကျင်မှုကို
မခံစားနိုင်တော့ဘူးလေ............
မနက်ခင်း နှိုးစက်ကြောင့် နိုးလာတော့ ထထိုင်လိုက်မိတာ ဗိုက်က ဒဏ်ရာက ဆစ်ကနဲ
ဒါတွေက အိပ်မက် မဟုတ်ဘူးပဲ...
ပြင်ဆင်ပြီး အခန်းထဲက ထွက်လာတော့ ထုံးစံအတိုင်း အပေါ်ထပ်ကိုသွားဖို့ လှေကားတက်မယ်အလုပ်....
သူမှ ဒီမှာ မရှိတော့တာ...
သူ့ ချစ်သူနောက် လိုက်သွားပြီပဲမလား...ဒါကို အရင်လို မနက်စာ စားဖို့ သွားခေါ်ချင်နေသေးတာလား
ဦးနှောက်ကလည်း မကောင်းတော့ဘူး
မနက်စာ စားနေတုန်း ဘေးကနေ Sunghoက ရပ်စောင့်နေသေးသည်
" ငါစားပြီးရင် ထွက်လာခဲ့မှာပေါ့ ကလေးလည်းမဟုတ် လာစောင့်ကြည့်နေတယ် "
YOU ARE READING
ℍ𝔸𝕋𝔼 𝕆ℝ 𝕃𝕆𝕍𝔼
Short StoryUnicode မင်း ငါ့ကို ဘယ်လောက် မုန်းနိုင်ပါစေ မင်း မုန်းနိုင်သလောက် ငါချစ်ပြမယ် Zawgyi မင်း ငါ့ကို ဘယ်လောက် မုန်းနိုင်ပါစေ မင်း မုန်းနိုင်သလောက် ငါချစ်ပြမယ်