Unicode" အစည်းအဝေးခေါ်ထားတာက ကိုးနာရီခွဲမလား ဆရာ ... နောက်ကျနေပြီ "
ရှေ့ခန်းက ကားမောင်းနေတဲ့ Sunghoက လှမ်းပြောသည်
သူနဲ့ကတော့ အသက်က ရွယ်တူ
အတူတူရှိနေတာလည်း ကြာနေတော့ ရင်းနှီးနေတာမို့ သူ စိတ်တိုင်းမကျရင် ကိုယ့်ကို လာလာဆူတတ်သည်
'ဆရာ' လို့ခေါ်တာတော့ မပျက်ဘူး" အင်း ကောင်လေး က ငါကိုယ်တိုင် လုပ်ပေးတဲ့ ပန်ကိတ်စားချင်တယ်ဆိုလို့ လုပ်ပေးနေတာနဲ့ ငါအိပ်ရာထ နောက်ကျတာလည်း ပါပါတယ် "
" ကိုယ်တိုင် မလုပ်လည်း ရတဲ့ အလုပ်ဆို အခြားလူကို ခိုင်းလို့မရဘူးလား ရှိသမျှအလုပ်အကုန်လုံးကို တာဝန်ယူထားတော့ နားချိန်တောင် ရှိတာမဟုတ်ဘူး ကြာရင် ကျန်းမာရေးပါ ထိလာမယ်နော် ဆရာ... "
" အေးပါကွာ... အခြား ခေါင်းဆောင်လေးတွေကို ခိုင်းရတာ အားကိုမရလို့... ငါကိုယ်တိုင်ပဲ ဝင်လုပ်လိုက်တာ မြန်မြန်လည်း ပြီးတယ် "
" တစ်ခုခုဆိုလည်း Jeon Jungkookအတွက်ချည်း တွေးပူမနေနဲ့ဦး ကိုယ့်ဘာသာအတွက်လည်း ပူပါဦး "
" မင်းက ဆရာလား ငါက ဆရာလား ငါက အထက်လူကြီးဆိုတာလည်း သတိရဦး မင်းက ငါ့ပဲ လာဆူနေတယ် "
" တောင်းပန်ပါတယ် ဆရာ... စိတ်ပူလို့ပါ "
" ကျေးဇူးပဲ.. ငါ့မှာ ယုံကြည်ရတဲ့သူက မင်းပဲရှိတယ် "
.............
ရုံးချုပ်ရောက်တော့ မြေအောက်ထပ်မှာ ကားတွေ အကုန်စုံနေပြီ... ဒုခေါင်းဆောင်ဖြစ်ပြီး အမြဲ နောက်ကျလို့ ပြောခံရတော့မှာပဲ
အထက်တန်းကျောင်းတုန်းကတောင် ကျောင်းကို ဒီလောက် နောက်မကျဖူးဘူးထင်တာပဲ" ဖိုင်တွဲတွေ အကုန်ပါတယ်မလား Sungho "
" ဟုတ် အကုန်စုံတယ် ကျွန်တော် စစ်ပြီးပြီ "
" အဲဒါဆို ဝင်ကြစို့ "
လုံခြုံရေး အစုံကို ဖြတ်လာခဲ့ပြီး ရွှေဝါရောင်တံခါးမကြီးကို ဖွင့်လိုက်တော့
" လာမှ လာပါတော့မလားလို့ ဒုခေါင်းဆောင် "
" တောင်းပန်ပါတယ် ခေါင်းဆောင်ကြီး... ကျွန်တော် နောက်ကျသွားတယ် "
YOU ARE READING
ℍ𝔸𝕋𝔼 𝕆ℝ 𝕃𝕆𝕍𝔼
Short StoryUnicode မင်း ငါ့ကို ဘယ်လောက် မုန်းနိုင်ပါစေ မင်း မုန်းနိုင်သလောက် ငါချစ်ပြမယ် Zawgyi မင်း ငါ့ကို ဘယ်လောက် မုန်းနိုင်ပါစေ မင်း မုန်းနိုင်သလောက် ငါချစ်ပြမယ်