Unicode
မနက်စောစော အသံတစ်ခုကြောင့် နိုးလာသည်
ပြတင်းပေါက်နားကို ထကြည့်တော့ Jimin ဖုန်းပြောနေတာပဲ
ပတ်ဝန်းကျင်ကလည်း ဘာမှမရှိ တိတ်ဆိတ်နေတာမို့ တစ်ခုခုဆို အကုန်ကြားနေရတာ" လုပ်လိုက်လေ ... မင်းလို ကောင်ကိုများ ငါက ကြောက်မယ်ထင်လား မခန့်လိုက်တာ "
" ငါက Park Jimin ဆိုတာကို မင်းမေ့နေတာလား "
" Jungkookက ငါ့အတွက်ပဲ ... အခုတောင် သူက ငါ့ဆီရှိနေတာ မင်းက ဘယ်လိုပြန်ခေါ်ချင်နေတာလဲ "
ဘာလဲ? JunSeo ssi နဲ့ ပြောနေတာများလား
အခန်းထဲက ထွက်ဖို့ကြိုးစားတော့ ထုံးစံအတိုင်း သော့ခတ်ထားတာတဲ့ တစ်လတောင်ရှိသွားပြီ ဒီအခန်းထဲကနေ ဘယ်မှ မသွားရဘူး
နာရီဝက်လောက်နေတော့ ခြေသံကြားလိုက်တာ ဘယ်သူမှန်းတန်းသိပါတယ်
အမြဲ တံခါးမခေါက်တဲ့လူ
အေးလေ တအိမ်လုံး သူ့အပိုင်ပဲ တံခါးခေါက်ရကောင်းမှန်းတောင် သိမှာမဟုတ်ဘူး
အခန်းထဲ ဝင်လာတဲ့ ထိုလူက တစ်နေ့တမျိုး မရိုးနိုင်တဲ့ ဝတ်စုံတွေနဲ့
ဒီနေ့လည်း အဖြူရောင် ဖဲသား အင်္ကျီကို ပခုံးတစ်ဖက်က ချထားသေးသည်
ဒီလို မသမာတဲ့လုပ်ငန်းတွေ မလုပ်ဘဲ ဒီဇိုင်နာသာ လုပ်လိုက်ပါ့လား
JunSeo ssiတုန်းကလည်း သူ့အလုပ်ကို ရပ်ဖို့ ပြောကြည့်ဖူးသေးသည်
ဒါပေမယ့်လည်း သူ့အလုပ်အကြောင်းကို ဝင်ပြောမိရင်ကို ရန်ဖြစ်ရတာမို့ နောက် သူ့အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ကိုယ့်ဘက်က ဘာတခွန်းမှ မဟတော့ဘူး" အခန်းထဲက ထွက်ခဲ့.. မနက်စာ စားမယ် "
ဟင်? အခန်းထဲက ထွက်လာခိုင်းတယ်?
" ထ-ထွက်ခဲ့ရမှာလား ဒီအခန်းထဲကနေ "
" အင်း မြန်မြန်လာ.. ငါ အလုပ်နောက်ကျလိမ့်မယ် "
အခုက သူနဲ့ တူတူစားခိုင်းနေတာလား ?
နောက်ထပ်ရောက်တော့ ဧည့်ခန်းကြီးကလည်း အကျယ်ကြီးပဲ
ရောက်ရောက်ချင်း အဖမ်းခံလာရတုန်းက ပူထူနေလို့ ဘယ်မှ မကြည့်မိဘူး
နံရံထက်က ပန်းချီကား ခပ်ကြီးကြီးတွေကလည်း တအားတင့်တယ်တာပဲ
ကိုယ်ကတော့ ပန်းချီအကြောင်း နည်းနည်းသာ နားလည်ပေမယ့် ဒီက ပန်းချီကားတွေက တော်တော်အနုစိတ်တဲ့ ပန်းချီကားတွေပဲ ..
YOU ARE READING
ℍ𝔸𝕋𝔼 𝕆ℝ 𝕃𝕆𝕍𝔼
Short StoryUnicode မင်း ငါ့ကို ဘယ်လောက် မုန်းနိုင်ပါစေ မင်း မုန်းနိုင်သလောက် ငါချစ်ပြမယ် Zawgyi မင်း ငါ့ကို ဘယ်လောက် မုန်းနိုင်ပါစေ မင်း မုန်းနိုင်သလောက် ငါချစ်ပြမယ်