Love 1

2.9K 301 1
                                    

Unicode

" ဆရာ နေ့လယ် နယ်စပ်မှာ အလဲအလှယ်လုပ်ဖို့ ရှိသေးတယ်နော် "

မနက်ကတည်းက မနက်စာ မရသေးဘဲ ရုံးချုပ်ကို အပြေးသွားရသည်
ပြီးတော့ အခုမှ ပြန်လာသော်လည်း နောက် တစ်နာရီလောက်နေရင် အလုပ်တစ်ခုက ထပ်ရှိနေသေးတာ

" ဒီအလဲအလှယ်လုပ်ဖို့ကအစ ငါကိုယ်တိုင် သွားမှ ဖြစ်မှာလား အခြားခေါင်းဆောင်တွေ လွှတ်လို့ရနေတာပဲ "

" ခေါင်းဆောင်ကြီးက ဆရာကိုယ်တိုင် သွားပြီး စစ်ဆေးပေးဖို့ လိုတယ်ပြောလို့... ပစ္စည်းကို ဆရာကိုယ်တိုင်လဲပြီး လာပို့ရမှာပါတဲ့ "

" Jungkook နေ့လယ်စာ နောက်ကျနေလိမ့်မယ် .. သူ့ကို အရင် နေ့လယ်စာ ကျွေးပြီးမှ သွားနိုင်မှာ... နောက်ကျလည်း စောင့်လို့ ပြောလိုက် "

" ဟုတ်ကဲ့ ဆရာ "

ကားထဲက ထွက်ကာ အိမ်ပေါက်ရောက်တော့ စိတ်လှုပ်ရှားနေမိသည်

နေ့လယ်စာကို သူကြိုက်တဲ့ တန်ပူရာ ပူပူလေးကြော်ပေးရမယ် သူရောက်ကတည်းက တစ်လလုံး သူစားဖို့ ကိုယ်တိုင် ချက်ပေးမိသည် လက်တွေလည်း ဓားရှရာတွေချည်း..
ဒါပေမယ့်လည်း ချစ်ရသူက ကိုယ်လုပ်ပေးတာကို စားနေတာကြည့်ရတာကို‌ ပျော်နေရတာ ..
အိမ်ထဲဝင်ဝင်ချင်း နက်တိုင် ရယ် ကုတ်အင်္ကျီရယ်ကို ပြီးပြီးရော ဆွဲချွတ်ခဲ့ကာ မီးဖိုခန်းထဲ ပြေးရတယ် ..
ဆယ့်နှစ်ခွဲနေပြီ ဆာနေတော့မှာပဲ ...
ကိုယ်တိုင်ကတော့ ‌မနက်စာတောင် မစား‌ရသေးပေမယ့်....

ချွေးတလုံးလုံးနဲ့ ချက်ပြုတ်ပြီးတော့ ပြီးသွားပါပြီ
အပေါ်ထပ်ကို ပြေးတက်ခဲ့သည်
နှစ်နာရီတောင် ထိုးတော့မယ်

အခန်းထဲ ဝင်လာရော
တွေ့ရပါပြီ အမောပြေလေး
ဒီကောင်ဝင်လာတာကိုတောင် လှည့်မကြည့်ဘူး

" လှည့်ကြည့်ပါဦး "

ပြောနေတာကို အဖက်တောင်မလုပ်ဘူး
လက်ကို ကြိုးနဲ့ တုပ်ထားလိုက်တာက မနေ့ကတည်းက
ထွက်ပြေးဖို့လုပ်နေတာ မင်း ငါ့အရိပ်အောက်ကနေ ထွက်ပြေးလို့ရမယ်များထင်နေတာလား

" လှည့်ကြည့်ဦးလို့ ပြောနေတယ်နော် "

အမုန်းများစွာနဲ့ မျက်ဝန်းတွေ...
ကိုယ် သဘောမကျလိုက်တာကွာ....
အမောပြေသွားအောင်လို့တော့ တစ်ခါလောက် ပြုံးပြပေးပါ့လား ..

ℍ𝔸𝕋𝔼 𝕆ℝ 𝕃𝕆𝕍𝔼Where stories live. Discover now