Love 3

2.3K 289 19
                                    

Unicode

နေ့လယ် ထမင်းစားပြီးတော့ ကောင်လေးလည်း သူ့အခန်းထဲသူ ဝင်သွားပြီ
ခေါင်းဆောင်ကြီးဆီက ယူလာတဲ့ ဓားမြောင်လေး ပျောက်နေတယ်...
သေချာပေါက် ဧည့်ခန်းထဲက ခုံပေါ်တင်ထားခဲ့တာပါ
ဘယ်သူမှလည်း ဒီကောင့် ပစ္စည်းဆို ကိုင်ရဲတာမဟုတ်ဘူး

" အိမ်တော်ထိန်း! "

" ဟုတ်ကဲ့ သခင်ကြီး "

" ဒီပေါ် ထားခဲ့တဲ့ ဓားမြောင်နက်ပြာရောင်လေး မတွေ့မိဘူးလား ဟိုနေ့က သေချာပေါက် ဒီမှာထားခဲ့တာပါ သိမ်းမယ်ဆိုပြီး မအားတာနဲ့ "

" မတွေ့မိဘူး သခင်ကြီး ကျွန်တော် တောင်းပန်ပါတယ် "

" ရတယ် ရတယ် လုပ်စရာရှိတာ ဆက်လုပ်ပါ "

ဘယ်ကောင် ငါ့ဓားကို ခိုးရဲတာလဲ..
တရားခံ သိရလို့ကတော့...

ချက်ချင်း အခန်းထဲကို ဝင်လာခဲ့လိုက်သည်
ဒီနေ့ အလုပ် ထပ်မရှိတော့တာမို့ ဓားမြောင်ကျင့်မလို့လုပ်နေတာကို ဒီလို တန်ဖိုးကြီး ဓားမြောင်မှ ခိုးရဲတာလား

အခန်းထဲက ကွန်ပျူတာကို ဖွင့်လိုက်တော့ အစီအရီကျလာတဲ့ cctvမှတ်တမ်းတွေ

ဪ.. ဘယ်သူများပါလိမ့်လို့...
လိုချင်ရင် လာတောင်းလို့ရရဲ့သားနဲ့
မသိအောင် ယူနေသေးတယ်

အခြားဓားမြောင်နဲ့ပဲ ကျင့်ရုံပေါ့ ...

လေ့ကျင့်နေရင်းလည်း အတွေးကဝင်လာသည်
Jungkookဆိုတဲ့ ကောင်လေးကို နားလည်လို့မရဘူး
သူ့ကို ဘယ်လို ဆက်ဆံပေးမှ လိုချင်တဲ့ သူ့အချစ်ကို ရမှာလဲ...
သူ တကယ်ပဲ ငါ့ကို ချစ်မလာနိုင်တော့ဘူးလား ငါကပဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ ပိုလွန်းနေတာလား နည်းနည်းတော့ ယုံကြည်မှုလျှော့ရမလားမသိ
ဓားမြောင်ကို ပစ်ချလိုက်တော့
ဗဟိုမှတ်ကို တည့်တည့်...
အာရုံတွေ ထွေပြားနေတာတောင် တည့်တည့်ထိတယ်
တယ်တော်တဲ့ ငါ ...

" Jimin.. "

အသံကြားရာ လှည့်ကြည့်လိုက်တော့
ကောင်လေး...
Sweatpants ဝတ်ထားပေမယ့် သူ့ခြေတံရှည်တွေက တင်းပေါ်နေတုန်း
ရှပ်အင်္ကျီပေါ်မှာ ထင်ပေါ်နေတဲ့ ရင်အုပ်တွေ musclesတွေ... ဒါတွေအားလုံး ငါ့အပိုင်ပဲဖြစ်ခွင့်ပေးလေ

ℍ𝔸𝕋𝔼 𝕆ℝ 𝕃𝕆𝕍𝔼Where stories live. Discover now