Hate 3

2.2K 290 9
                                    


Unicode

အိမ်တော်ထိန်းကြီးက တော်တော် သဘောကောင်းတာ... ခုမှ တွေ့ဖူးတာကို တစ်အိမ်လုံး ခြံတစ်ခုလုံးကို စိတ်ရှည်ရှည်နဲ့လိုက်ပြပေးသည်

" တစ်လလောက် အခန်းထဲပဲ နေပြီး အခုမှ အပြင်လေ ရှူရတာ ကောင်းလိုက်တာ "

" ဟုတ်တယ် ... သခင်ကြီးကလည်း ဒီဘက်ပိုင်းက လေကောင်းလေသန့်ရလို့ ခုလို လူနေအိမ်တွေနဲ့ ဝေးတဲ့ မြို့ပြင်မှာ စံအိမ်တော်ကြီးဆောက်ပြီး နေနေတာ "

အမလေး သခင်ကြီးတဲ့ လူက ပိစိလေးနဲ့ကို အဲလိုခေါ်ခိုင်းနေသေးတယ်...

" ခြံကြီးက အကျယ်ကြီးပဲနော် အဲလောက်လည်း မလိုဘဲနဲ့ ... သစ်ရွက်တွေ ရှင်းဖို့ ပိုတောင် အလုပ်ရှုပ်ဦးမယ် "

" ဟုတ်တယ် သခင်ကြီးရဲ့ဒီခြံဝင်းက ခေါင်းဆောင်တွေအားလုံးထဲမှာ အကြီးဆုံးပဲလေ "

ကြီးကြီးကျယ်ကျယ်ကြီးပဲ
နန်းတော်ထက်တောင် ကြီးသေး
သူတစ်ယောက်တည်း နေတာကိုများ
JunSeo ssiတောင် condoမှာပဲနေတာ ဘာခြံဝင်းနဲ့မှ အလုပ်ရှုပ်နေစရာမလိုဘူး

" Jiminက ပြန်မလာသေးဘူးလားမသိဘူး "

မြက်ခင်းပေါ် ထိုင်ချလိုက်ကာ ညည်းမိသည်
နေ့လယ် နှစ်နာရီတောင် ကျော်နေပြီ
ခုထိ နေ့လယ်စာ မစားရသေးဘူး
အိမ်တော်ထိန်းက ချက်ကျွေးမယ်ပြောပေမယ့် ဂျီးများတတ်လာလို့

" ရေတောင်ဆာလာပြီ "

" ကျွန်တော် သွားယူပေးမယ်နော် သခင်လေး "

" အာ... ဟုတ်ကဲ့ ကျေးဇူး "

အိမ်တော်ထိန်းကတော့ အိမ်ထဲ ဝင်သွားပြီ
နေ့လယ်စာ စားချိန်နဲ့ တိုက်လို့နေမှာ
လုံခြုံရေးတွေက အခန်းထဲတုန်းက မြင်ရသလောက် မများဘူး
ဂျူတီ လူလဲတဲ့ အချိန်ထင်တယ်
ခုတော့ ဒီနားတဝိုက်မှာ
မိမိတစ်ယောက်တည်း
ခြံစည်းရိုးကို ကျော်ပြီး ထွက်ပြေးလို့တောင် ရတယ် ...

" Jungkook... "

ဟင်? ငါ့ကိုခေါ်နေတာလား

ခြံဝင်းအပြင်ဘက်က လူတစ်ယောက်
ဒါ JunSeo ssiရဲ့ နောက်လိုက်မလား

" နောက်လိုက်Choi? "

နောက်လိုက် Choiက မိမိဆီကို တစ်ခုခုလှမ်းပစ်လိုက်သည်

ℍ𝔸𝕋𝔼 𝕆ℝ 𝕃𝕆𝕍𝔼Where stories live. Discover now