Hate or Love, What wins?

4.6K 381 19
                                    

Unicode

မီးဖိုခန်းထဲက apronဝတ်ထားတဲ့ ကောင်လေးက Jiminကို လှည့်ကြည့်ပြီးပြုံးပြသည်

" ပြန်လာပြီလား စောတယ်နော် ခရုဆန်ပြုတ်နဲ့ ဂျင်ဆင်းကြက်ပြုတ်ရည် လုပ်နေတာ ခဏနော် ဆာနေပြီလား "

" မင်း ပြန်တော့ ဒီအိမ်ကနေ မင်းကို မကြိုဆိုဘူး "

Jungkookရဲ့လက်ကို ခပ်ကြမ်းကြမ်း ဆွဲပြီး အိမ်ထဲက ဆွဲထုတ်ဖို့ ပြင်နေတဲ့ Jimin

ထိုဒေါသကြီးနေတဲ့ကောင်လေးကို Jungkookပြန်ဆွဲလိုက်ကာ ရင်ခွင်ထဲ ထည့်လိုက်သည်

" အ့ "

Jiminဆီက ညည်းသံလေး ခပ်တိုးတိုး ကြားလိုက်ရတာကြောင့်

ဟုတ်သားပဲ ဒဏ်ရာရထားတာကို သတိမထားမိဘဲ ဆွဲဖက်လိုက်မိတာ

" Jimin? အဆင်ပြေလား "

စိုးရိမ်စွာ မေးလိုက်ပေမယ့် တွန်းထုတ်ခံလိုက်ရသည်

" ဖယ်... ပြီးတာနဲ့ ပြန် "

ခပ်ပြတ်ပြတ်ပြောပြီး သူ့အခန်းထဲသူ ဝင်သွားသည်

ကျွန်တော့်ကို ပြန်လက်ခံဖို့ ဘာမဆို လုပ်မှာ Jimin ...

ဟင်းချက်တာပြီးသွားလို့ သေချာပြင်ဆင်ပြီး Jiminဆီသွားပို့ဖို့ လုပ်နေတုန်း အိမ်တံခါးမကြီး ပွင့်လာတယ် ဘယ်သူလဲ

ထွက်ကြည့်လိုက်တော့ Sunghoနဲ့ နောက်ကပါလာတဲ့လူတစ်ယောက်

Sunghoက Jungkookကို မြင်တာနဲ့ မျက်ခုံးနှစ်ခုလုံး တွန့်ကွေးသွားသည်

" မင်း ဘာလာလုပ်ပြန်ပြီလဲ Jiminကို စိတ်ဒုက္ခပေးရတာ မလုံလောက်ဘူးလား "

" ဒီအချိန်မှာ ကျွန်တော့်ကို ယုံတာ မယုံတာ ခင်ဗျားအပိုင်းပါ... ဒါပေမယ့် အခုချိန်ကစပြီး ကျွန်တော် Park Jiminအတွက် အမြဲရှိနေပေးချင်တာပါ ကျွန်တော့်စိတ်ရင်းပါ "

သေချာအေးဆေးပြန်ရှင်းပြနေပုံကို မြင်တော့ Sungho တအံ့တဩနဲ့ မျက်လုံး ပြူးသွားသေးသည်

" Jiminရဲ့စိတ်ရင်းက တန်ပြန်သက်ရောက်တယ်လို့ပဲ ငါယုံကြည်လိုက်မယ် နောက်တစ်ခါ Jiminကိုစိတ်ထိခိုက်အောင်လုပ်ရင် မင်းကို ဒီတိုင်းမထားဘူး Jeon Jungkook "

ℍ𝔸𝕋𝔼 𝕆ℝ 𝕃𝕆𝕍𝔼Where stories live. Discover now