Unicode
ညနေ စားသောက်ပြီးတော့... အပေါ်ထပ်တက်မယ် ကြံတုန်း
" Kook... "
ဧည့်ခန်းထဲက ဆိုဖာပေါ် ခြေချိတ်ကာ ထိုင်နေတဲ့ ထိုလူမှ လှမ်းခေါ်သည်
" ပြော... "
" TV တူတူကြည့်ရအောင်လေ အိပ်ဖို့ စောသေးတယ်မလား ဒီနေ့ ကိုယ်လည်း အားနေလို့... "
" အင်း "
သူထိုင်နေတာရဲ့ ဘေးက ဆိုဖာတစ်ခုပေါ်ထိုင်မလို့ လုပ်တုန်း
" ကိုယ့်နားလာထိုင်လေ... ဒါမှ တည့်တည့်မြင်ရမှာပေါ့ ဘေးတိုက်ကြည့်ရင် မျက်လုံးစွေသွားမယ်... "
ဟုတ်ပါပြီ ဘယ်တတ်နိုင်မလဲ လာခိုင်းတော့လည်း သွားရတာပေါ့
" လာခဲ့ ကိုယ့်ပေါ် "
ဘေးမှာထိုင်မလို့ကို လက်ကောက်ဝတ်က လှမ်းဆွဲပြီး သူ့ပေါင်ပေါ် ထိုင်စေသည်
" ဘ-ဘာလုပ်တာလဲ Park Jimin "
" ညနေပိုင်းချမ်းတယ်ဆို? ကိုယ်က ကလေးကို နွေးအောင်လို့လေ "
စကားကလည်း တအားတတ်တာ
လိုက်ကို မမှီဘူးခါးတစ်ဝိုက် သိုင်းဖက်လာတဲ့ လက်သေးသေးကြောင့် ရုတ်တရက်ဆိုတော့ ကြက်သီးတောင် ထသွားသေးသည်
" ဖယ်ဗျာ... ပေါင်ပေါ်ထိုင်ပေးရင် တော်ရောပေါ့ ... "
" ကိုယ်အေးလို့လေ.. ကလေးရဲ့ကိုယ်လေးက နွေးနေတာကိုး ကိုယ် အအေးမိမှာ စိုးရိမ်တယ်မလား "
" ခင်ဗျားက ဘာမလို့ စိုးရိမ်ရမှာလဲ "
ခါးပေါ်က လက်တစ်စုံက ပြေလျော့သွားတယ်
ဘာလဲ.. ပြန်မအော်တော့ဘူးလား
ငြိမ်သွားလို့ လှည့်ကြည့်လိုက်တော့ တစ်ဖက်ကို လှည့်နေသည်
တစ်ဖက်ကို လှည့်နေတာကြောင့် ဖြောင့်နေတဲ့ မေးရိုးတစ်လျှောက်နဲ့ ဖူးနေတဲ့ နှုတ်ခမ်းတစ်စုံကလည်း ပန်းရောင်သန်းနေသေးသည်
ဘယ် ဂိုဏ်းစတားက ဒီလောက် အသားအရည်လှတာလဲ ဖြူဝင်းနေတဲ့ အသားအရည်ထက်က ထင်ပေါ်နေတဲ့ ပန်းနုရောင် နှုတ်ခမ်းဖူးဖူးလေးကို သတိမထားမိဘဲ ငေးကြည့်နေမိသည်" နောက်ဆုံးတော့လည်း မင်းက ငါ့ကို ထားသွားမှာပဲမလား "
ကိုယ့်ဘက်ကို မလှည့်လာဘဲ တစ်ဖက်ကို ငေးမှိုင်ကာ မေးလာတဲ့ ထိုလူ့မေးခွန်း
ဒေါသသံလည်း ပါမနေဘူး
YOU ARE READING
ℍ𝔸𝕋𝔼 𝕆ℝ 𝕃𝕆𝕍𝔼
Short StoryUnicode မင်း ငါ့ကို ဘယ်လောက် မုန်းနိုင်ပါစေ မင်း မုန်းနိုင်သလောက် ငါချစ်ပြမယ် Zawgyi မင်း ငါ့ကို ဘယ်လောက် မုန်းနိုင်ပါစေ မင်း မုန်းနိုင်သလောက် ငါချစ်ပြမယ်