Part - 1

2.7K 110 26
                                    

#Unicode

သရဲတွေဝိညာဉ်တွေရှိတာယုံကြလား?

တွေ့ရောတွေ့ဖူးကြလား?

Jen ကတော့မယုံကြည်ဘူး တွေ့လည်းမတွေ့ဖူးဘူး သူနဲ့မတွေ့ခင်အထိပေါ့~

--- ☘︎︎ ☘︎︎ ☘︎︎ ---

ဒီနေ့တိုက်ခန်းသစ်သို့ ပြောင်းနေရတော့မှာဖြစ်တာကြောင့် အထုတ်အပိုးများသိမ်းဆည်းကာလာခေါ်မည့်ကားကိုအဆင်သင့်စောင့်နေလိုက်သည်

ဒါနဲ့ ... ကျွန်မနာမည်က Jennie Kim ပါအထက်တန်းဒုတိယနှစ်တက်နေတဲ့ကျောင်းသူမလေးတစ်ယောက်ပေါ့ အိမ်နဲ့ကျောင်းကဝေးတာကြောင့် မနက်ဖြန်ကစပြီးကျောင်းနားကတိုက်ခန်းလေးတစ်ခုမှာဘဲငှားပြီးတစ်ယောက်တည်းနေဖို့ဆုံးဖြတ်လိုက်တယ် ဒါမှကျောင်းသွားရင်အဆင်ပိုပြေပြီး အိမ်ကမိဘတွေလည်းအလုပ်မရှုပ်ရတော့မှာမဟုတ်လား အခုနေဖို့အတွက်သင့်တော်တဲ့ ... အမ်းမဟုတ်ဘူးလုံးဝနေသင့်ကိုနေသင့်တဲ့တိုက်ခန်းလေးတစ်ခုတွေ့ထားတယ်

ဘာလို့လဲဆိုတော့ အခုရှာတွေ့ထဲတဲ့တိုက်ခန်းလေးက ပေးရတဲ့ဈေးနဲ့မတန်လောက်အောင်အကြီးကြီးဘဲ ပေါ..ချောင်..ကောင်းလေးဆိုတော့ကျွန်မအကြိုက်ဘဲပေါ့ ~

"မိန်းကလေး ဘယ်ကိုမောင်းရမလဲ?"

"ဒီလိပ်စာအတိုင်းမောင်းပေးပါ"

Taxi မောင်းသည့်ဦးလေးကြီးအားလိပ်စာပြလိုက်ကာ ကားပြတင်းပေါက်မှန်တစ်ဖက်ရှ်ိ စည်ကားနေသည့်လမ်းမကြီးကိုသာ ငေးကြည့်နေလိုက်သည်

"ဟိတ် ကလေးမလေး ရောက်ပြီလေ ဘာတွေငေးနေတာတုန်းကွဲ့"

"အော် ဟုတ်ဟုတ်ကျေးဇူးပါဦးလေး ဒီမှာကားဖိုး"

Taxi ဦးလေးကြီးအားကားခရှင်းပြီး ကားနောက်ခန်းရှ်ိ အထုတ်များကို မနိုင်တနိုင်ဖြင့် မ ကာနေရမည့်အခန်းနံပါတ်သို့ ဓာတ်လှေကားဖြင့်တက်သွားလိုက်သည်

ဒီတိုက်ခန်းမဆိုးဘူးဘဲ ... နေရာကလည်းအမိုက်စားနေရာမှာ အခန်းကလည်းအကျယ်ကြီးဓာတ်လှေကားကလည်းရှိတယ် နောက်ပြီးဈေးကလည်းတန်ချက်ဘဲ လုံးဝငါ့အကြိုက်

"တီး"

​ကိုယ်နေရမည့်အထပ်ရောက်ပြီိဖြစ်တာကြောင့် အထုပ်အပိုးများကိုပြန် မ ကာတိုက်ခန်းပိုင်ရှင်ပေးထားသောသော့အားအိတ်ကပ်ထဲမှထုတ်ပြီးတံခါးဖွင့်လိုက်သည်

𝙊𝙝 𝙈𝙮 𝙂𝙝𝙤𝙨𝙩 Where stories live. Discover now