#Uni
ကျောင်းရှိထမင်းစားခန်းထဲတွင်Jennie တစ်ယောက်တည်းမှိုင်တိုင်တိုင်ဖြင့် နေ့လည်စာစားနေသည်။Dowon တစ်ယောက်ကျောင်းပြောင်းသွားပြီဖြစ်တာကြောင့် ဒီရက်ပိုင်းတစ်ယောက်တည်းသာ စားဖြစ်သည်။
ဟိုတစ်ယောက်လည်းမရှိတော့တာကြောင့် နေ့လည်စာပင်မက ညစာပါတစ်ယောက်တည်းစားနေရသည်။
အရင်တိုင်းတစ်ယောက်တည်းစားတာ ပုံမှန်ဆိုပေမယ့် အခုကျတော့ ပုံမှန်မဟုတ်တော့သလိုပင်။
"Jen"
"Jennie"
"Kim Jennie""ဟမ်...Jisoo Oppa?"
"ဘာတွေငေးနေတာလည်း ဒီကခေါ်နေတာကြာလှပြီ"
"အာ...ဒီလိုပါဘဲ"
တွေးလက်စကိုရပ်လိုက်ကာ Jisoo Oppa အမေးကိုပြန်ဖြေရင်း သောက်လက်စ ဟင်းချိုရည်ကိုလက်စသတ်လိုက်သည်။
ထို့နောက် Jisoo က Jennie နှင့်မျက်နှာချင်းဆိုင်နေရာတွင်ဝင်ထိုင်သည်။
"Oppa တို့စာမေးပွဲနီးနေပြီမဟုတ်လား?"
"ဟုတ်တယ် နောက်အပါတ်ဖြေမှာ။Oppa လည်းအခုလေးတင် စာကြည့်တိုက်ကနေထွက်လာတာ။"
Jisoo Oppa သည် အထက်တန်းနောက်ဆုံးနှစ်ဖြစ်တာကြောင့် စာမေးပွဲတွေခနခနရှိတတ်သော်လည်း အခုတစ်ခါက နှစ်ဝက်စာမေးပွဲဖြစ်သည်။ဒါကြောင့်ဒီတစ်ခေါက်စာမေးပွဲက တိုင်းစာမေးပွဲတွေထက်ပို၍ကြီးကျယ်သည်ဟုပြောရမည်။
"ဒါနဲ့ Oppa နေ့လည်စာရော?"
"ထုံးစံအတိုင်း ပေါင်မုန့်နဲ့နွားနို့လေ"
ရယ်မောရင်း ပြောနေသည့် Jisoo Oppa ၏အဖြစ်ကိုအနည်းငယ်စိတ်မကောင်းဖြစ်သွားရသေးသည်။စာနဲ့မုန့်မှာစာကိုဘဲရွေးတဲ့ Jisoo Oppa...။
ဒီလိုဆိုတော့လည်း စားလို့မရသည့်မုန့်ကို ငမ်းငမ်းတက်စားချင်နေတတ်သည့် ဝိညာဉ်ကောင်လေးကို သွားသတိရမိသည်။သူသာ သာမာန်လူတစ်ယောက်ဆို ကိုယ့်မှာ သူ့စားစရိတ်နဲ့တင် မွဲပြာကျလောက်မယ်။
ဒီရက်ပိုင်းအတွင်းမှာ ဘာမဆိုင်ညာမဆိုင်သူ့ကိုတွေးမိနေတတ်ပြီဖြစ်တဲ့ကိုယ့်ကို Jennie နားမလည်နိုင်သေး။
YOU ARE READING
𝙊𝙝 𝙈𝙮 𝙂𝙝𝙤𝙨𝙩