Part - 4

700 74 27
                                    


#Unicode

"ဒါဆိုငါလည်း Jennie ကိုကြိုက်တယ်"

အနောက်ကအော်ပြောနေသည့်သရဲကောင်၏စကားကြောင့် Jen ရဲ့မျက်နှာကြီးပူထူသွားရသည်

လူပေါင်းများစွာ Jen ကိုချစ်တယ် "ချစ်ပါတယ်" "သဘောကျပါတယ်" "လက်ခံပေးပါ" ဖြင့်မျိုးစုံချစ်ခွင့်ပန်ခဲ့ဖူးတာကိုတောင် တုတ်တုတ်မလှုပ်ခဲ့တဲ့ Kim Jennie ကအခုမှဘာလို့ရှက်သွားရတာပါလိမ့်

"Jen အဆင်ပြေရဲ့လား တစ်မျက်နှာလုံးရောနားရွက်တွေပါ နီရဲနေတာဘဲ"

"အဆင်ပြေပါတယ် ဟီး"

"Oppa ,Jen ကိုသဘောကျတယ်လို့ဟိုကောင်မလေးကိုပြောလိုက်လို့စိတ်တိုသွားတာတော့မဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူး Oppa ကလည်း, Jen အထဲဝင်တော့မယ်"

ပြာယာပြာယာဖြင့် Soo Oppa ကိုနှုတ်ဆက်လိုက်ပြီး ကိုယ့်ကိုကြောင်တောင်တောင်ဖြင့်လှမ်းကြည့်ကာရာယ်ပြနေသည့်သရဲကောင်ကိုအနောက်မှလိုက်လာရန်မျက်စပစ်ပြလိုက်သည်

"ရော့ ဒီစာအုပ်ထဲမှာရှာကြည့်ကြည့်"

သူမပေးသောစာအုပ်ကိုလှမ်းယူကာ ဟိုလှန်ဒီလှန်ဖြင့်ရှာကြည့်လိုက်သည်

သူမကတော့စာအုပ်ပုံကြီး၏ဘေးမှာထိုင်ကာ အရှေ့မှာချထားသောစာအုပ်ကိုမျက်လုံးပြုတ်ထွက်မတတ်ကြည့်နေသည်

စာကြည့်နေလို့လားမသိ သူမကမျက်မှန်ဝိုင်းငယ်လေးကိုတပ်ထားသည် စာကြည့်မျက်မှန်လေးတပ်ထားသောသူမကကိုယ့်အမြင်မှာတော့တစ်မျိုးကြည့်လို့ကောင်းနေသည် ... စာအုပ်ကိုအာရုံစိုက်ကာ ကြည့်နေသည့်သူမကကိုယ့်အမြင်ကိုကောင်းကောင်းကြီးဖမ်းစားထားနိုင်သည်

"Yaaa သရဲကောင် ရှာရမှာကစာအုပ်ထဲမှာလေ ကျွန်မရဲ့မျက်နှာပေါ်မှာမဟုတ်ဘူး"

သူမကိုငေးမိနေမှန်းကိုယ့်ကိုတောင်မသိမိလိုက်... သူခိုးလူမိသွားသဖြင့် သူမကိုစပ်ဖြဲဖြဲရာယ်ပြလိုက်ကာ လက်ထဲမှစာအုပ်ကိုဟိုလှန်ဒီလွန်ဖြင့်မွှေနှောက်လိုက်သည်

စာအုပ်တွေကိုသာတစ်အုပ်ပြီးတစ်အုပ်ရှာပြီးသွားတယ် ဒီလူရဲ့နာမည်ရောအချက်အလက်ရောဘာမှမသိရသေး ...

𝙊𝙝 𝙈𝙮 𝙂𝙝𝙤𝙨𝙩 Where stories live. Discover now