Part - 3

740 73 40
                                    

#Unicode

"အဲ့ဆွဲကြိုးကိုတွေ့လိုက်ရတော့မှတ်မိလာတာက...ငါ့မှာသဘောကျတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။သူ့ကိုဖွင့်ပြောဖို့လုပ်ခဲ့ပေမယ့် မဖွင့်ပြောခင်မှာငါသေသွားခဲ့တယ်"

"အဲ့တော့ ရှင်ပြောချင်တာက..?"

"အဲ့ကောင်မလေးကို ဖွင့်ပြောဖို့ကငါ့ကစိတ်ဆန္ဒဖြစ်လိမ့်မယ်။ဒါကိုဖြည့်ဆည်းနိုင်ရင်ငါနောက်ဘဝကိုကူးဖို့အခွင့်အရေးရသွားပြီ"

"ဒါဆို ငါ့အနားကနေလည်းပျောက်ကွယ်သွားမှာပေါ့နော်"

"အင်း...အဲ့လိုပေါ့"

"တကယ်လား..."

သူမရယ်လိုက်တာဘဲ...

ဒါသူမရာယ်တာ ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။သူမရဲ့အပြုံးလေးကသိပ်ကိုစွဲမက်ဖို့ကောင်းတယ်ဆိုတာငြင်းလို့မရ။ဘာမှတော့မဆိုင်ပေမယ့် ကိုယ်ပျောက်ကွယ်သွားမှာကိုသူမကပျော်နေတော့ ဝမ်းနည်းမိသား...

"ဘယ်လိုလဲ ငါ့ကိုကူညီပေးမယ်မဟုတ်လား"

ပတ်ဝန်းကျင်ရှိလေထုကြီးကခနတာတိတ်ဆိတ်လို့သွားသည်...ထို့နောက်

"မကူညီိနိုင်ပါဘူး"

"ဘာလို့လဲ ငါ့ကိုမင်းအနားကနေပျောက်ကွယ်သွားစေချင်တယ်မဟုတ်လား"

"ဟုတ်တော့ဟုတ်ပေမယ့်...ရှင်ကကိုယ့်နာမည်ကိုယ်တောင်မမှတ်မိတာ အဲ့ကောင်မလေးက်ိုဘယ်လိုရှာဖို့ဖြစ်နိုင်မှာလဲ"

"အဲ့လိုဆိုပေမယ့်လည်း..."

သူမ ပြောတာလည်းဟုတ်တာကြောင့် တွေဝေသွားရသည်။

"ဒီတိုင်းငါ့အနားကထွက်သွားပေးလို့မရဘူးလား"

နှစ်တွေအကြာကြီးဒီတိုက်ခန်းထဲမှာတစ်ယောက်ထဲအထီးကျန်စွာနဲ့နေခဲ့ရတာပါ...တစ်ရက်မှာကိုယ့်ကိုမြင်နိုင်တဲ့သူတစ်ယောက်ရှိလာလိမ့်မယ်လို့ထင်တောင်မထင်ခဲ့ဖူးပေမယ့် အဲ့လိုလူတကယ်ရှိလာခဲ့ပါတယ်...ဒါပေမယ့်သူကကိုယ့်ကို သူ့အနားကနေထွက်သွားပါတဲ့...

"အာ ဖြုတ်လို့ရသွားပြီ...ရော့ဒီမှာ"

ဆွဲကြိုးကဖြုတ်လို့ရသွားတာကြောင့် ဖြုတ်လိုက်ကာ အရှေ့တွင်ရှိနေသည့် စာပွဲပေါ်တွင်တင်ထားလိုက်သည်။

𝙊𝙝 𝙈𝙮 𝙂𝙝𝙤𝙨𝙩 Where stories live. Discover now