Part - 2

837 90 33
                                    

#Unicode

"ရှင့်...ရှင့်ခြေထောက်"

ဟမ်...အရ်ိပ်လည်းမရှိဘူး ဘာကြီိးလဲလုပ်ကြပါအုံး တကယ်သရဲလား။

သရဲဆိုတာတကယ်ကြီးရှိနေတာလား...

ထိုကောင်လေးကတော့ စကားအထစ်ထစ်အငေ့ါငေ့ါဖြစ်နေတဲ့ Jen ကိုစိုက်ကြည့်နေမြဲ ...

"ဟိတ်...ကောင်မလေး မင်းကငါ့ကိုမြင်နေရတာလား"

ထိုကောင်မလေးရဲ့ မျက်ဝန်းထဲမှာကိုယ့်ပုံရိပ်ကိုမြင်နေရတာကြောင့် သူမ မပြောလည်း သူမကိုယ့်ကိုမြင်နေရမှန်းသိသည်။

"အား..."

ထို့နောက်အသံပြဲကြီးဖြင့်အော်ကာ သူမကအိမ်သာထဲမှထွက်ပြေးသွားသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~

အမလေး...မောလိုက်တာ ငါဘယ်ထိတောင်ပြေးလာမိတာလဲ ?ဘေးပတ်ပတ်လည်ကိုကြည့်လိုက်မှ တိုက်ခန်းနားကပန်းခြံလေးသို့ရောက်လာမှန်းသိရသည်။

"အမလေး မောလိုက်တာ...ဟူး"

"ငါအပြင်ထွက်မလာတာတောင်ကြာနေပြီ အပြင်ကရှုခင်းကတကယ်လှတာဘဲ"

အသံလာရာကိုကြည့်လိုက်တော့ ခုနကသရဲကောင်ကြီး...

"ဟိတ် ကောင်မလေး"

ထိုကောင်မလေးက ကိုယ့်ကိုကြောက်ကြောက်နဲ့ကြည့်ကာ သူ့မဆီမှစကားသံများပြန်လည်တိတ်ဆိတ်သွားပြန်သည်။

"ငါ့ကိုမြင်ဘဲမြင်ရပြီး ငါပြောတာတွေမကြားရတာများလား?"

အော်...ဟုတ်တယ် ငါအခုဒါကိုထုတ်သုံးရတော့မယ် မနက်ကအဖွားပေးထားတဲ့အဆောင်ပစ္စည်း ဘယ်မှာထည့်ထားမိပါလိမ့်

ထို့နောက်အိတ်ကပ်ထဲမှ ပဝါလေးကိုထုတ်ကာတတ်သမျှဂါထာတွေကိုထုတ်ရွတ်လိုက်သည်။

"ဘုံးဘားရား ရားရားရား ရားရားရား ရားရားရားရား အိုပါး ရားရားရား... ဝီးဖားတန်း"

"မင်းဘာတွေရွတ်နေတာလဲ"

ဟင်...သူဘာမှလည်းဖြစ်မသွားဘူး ငါ့ဂါထာကအစွမ်းမထက်သို့များလား?

"ရှင်...ကျွန်မဂါထာနဲ့အဆောင်တွေကြောင့်ရှင်ဘာမှဖြစ်မသွားဘူးလား"

𝙊𝙝 𝙈𝙮 𝙂𝙝𝙤𝙨𝙩 Where stories live. Discover now