Part-6

495 59 4
                                    

#Unicode

"Oppa~ နည်းနည်းထပ်တိုးလာပါအုံး အဝေးကြီးကနေဘယ်လိုလုပ်ပေးရမှာလဲ"

"အမ်...အင်းအင်း"

ထို့နောက် Sooက Jen ရှိသည့်အနားသို့ပို၍ကပ်၍ထိုင်လိုက်သည်။

"ခုနက Omma ကဒီနားလေးတွေလိမ်းပေးပြီးပြီ"

Soo ကသူ့ရဲ့မျက်ခုံးနားမှ ဒဏ်ရာများကိုလက်ညိုးဖြင့် ထိုးပြရင်းပြောနေသည်။

"ဒါဆိုဒီမေးစေ့နားကဟာဘဲကျန်တော့တာပေါ့ ဟုတ်လား?"

"အင်း..."

Jen ရဲ့မျက်နှာက Soo ရဲ့မျက်နှာရှိရာသို့ ကပ်လာခဲ့တာကြောင့် Soo မျက်နှာကြီးနီရဲလာကာ အနောက်သို့အနည်းငယ်ဆုတ်မိသွားသည်။

"Oppa, ဘယ်လိုဖြစ်နေတာလဲ ဆေးလိမ်းရမှာကြောက်နေတာလား အသက်ကဒီလောက်ထိကြီးနေပြီကို"

ဘာမှမသိသေးသော Jen ကတော့ Soo ဟာဆေးလိမ်းရမှာကြောက်လို့အနောက်ကိုဆုတ်သွားတာလို့ထင်နေလေရဲ့...

"Ar...arnyiiyaa မဟုတ်ပါဘူး"

"ဘာလို့မဟုတ်ရမှာလဲ Oppa ရဲ့မျက်နှာကြီးတောင်နီနေပြီ...မဟုတ်မှအဖျားပိုးရောဝင်သွားတာများလား"

"Yaaa...Kim Jennie မဟုတ်တာတွေလျှောက်ပြောမနေဘဲ မြန်မြန်ဆေးထည့်လိုက်တော့...ဒီမှာအနာတောင်ကျက်တော့မယ်"

Soo Oppa ကတော့အပိုတွေပြောနေပြီ ဟုသာ Jen စိတ်ထဲကနေကြိတ်တွေးလိုက်ပြီး...

"ဒါဆိုလည်း အနောက်ဆုတ်မသွားဘဲဒီနားလာခဲ့"

ဆေးထည့်ပေးနေသည့် Jen ရဲ့မျက်နှာနှင့် Soo ရဲ့မျက်နှာကြားမှာ လက်ငါးလုံးစာလောင်သာခြားတော့သည်။Jen က Soo ရဲ့မေးစေ့နားသို့ကပ်ပြီးဒဏ်ရာကိုဆေးထည့်ပေးနေတာကြောင့် Soo က Jen ကိုအပေါ်စီးမှမြင်နေရသည်။

မရဲတရဲဖြင့်မှိတ်ထားသော မျက်ဝန်းအစုံတို့ကိုဖွင့်ကြည့်တော့ အရင်ဆုံးတန်းမြင်လိုက်ရသည်မှာ Jen ရဲ့မျက်တောင်ရှည်ရှည်လေးများဖြစ်သည်။နောက်ပြီးဒဏ်ရာကိုသေချာကြည့်ပေးရင်း ဆေးထည့်ပေးနေတဲ့ အကြင်နာမျက်ဝန်းလေးတစ်စုံ...နည်းနည်းအောက်ထပ်ဆင်းလိုက်တော့ ချယ်ရီရောင်သန်းနေသည့် နှုတ်ခမ်းဖူးဖူးလေးများ...

𝙊𝙝 𝙈𝙮 𝙂𝙝𝙤𝙨𝙩 Where stories live. Discover now