#Unicode
"tak tak tak..."
ဆက်တိုက်မြည်နေသော နာရီသံတိုးတိုးမှလွှဲ၍ အခန်းကြီးတစ်ခုလုံးကကတိတ်ဆိတ်လို့နေသည်။
ပုံမှန်ဒီအချိန်ဆိုသူမထနေကျမဟုတ်လား...?
အရင်က နှစ်ချီိလများတစ်ယောက်တည်းနေလာသည်မှာအကောင်း အခုတော့သူမ ကိုယ့်အနားမှာခနလေးမရှိလျှင်တောင် တစ်ယောက်တည်းခြေမကိုင်မိလက်မကိုင်မိဖြစ်နေရသည်။
သူမအပေါ်အရမ်းအားကိုးမိနေပြီလား?
စိတ်မရှည်စွာဖြင့်ဧည့်ခန်းထဲ၌သာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေမိသည်။
သူမရဲ့အမိန့်အရ သူမအိပ်နေစဉ်အတွင်းအခန်းထဲဝင်ခွင့်မရှိပေ။သို့သော်သိလိုစ်ိတ်ပြင်းပြနေတာကြောင့် ခြေလှမ်းများကိုမထိန်းနိုင်ခဲ့ဘဲ သူမရှိရာအခန်းထဲသို့ဝင်သွားခဲ့မိသည်။
အခန်းတွင်းရှိလိုက်ကာများကိုပိတ်ထားလို့နှင့်တူသည် အခန်းကြီးကမည်းမှောင်လို့နေသည်။ဖွင့်လျှက်ထားထားသော ညအိပ်မီးဖျော့ဖျော့မှလွှဲ၍ သူမရဲ့အခန်းထဲ၌ဘာအလင်းရောင်မှရှိမနေခဲ့။
ထို့နောက်မြင်ကွင်းထဲသို့ရောက်လာသည်မှာ ကြီးမားသည့်နှစ်ယောက်အိပ်ခုတင်ကြီးပေါ်တွင်အိပ်မောကျနေသည့်သူမ...ဒါပေမယ့်သူမ ဘာလို့ခုတင်ရဲ့ဘေးစွန်လေးတွင်သာကပ်ပြီးအိပ်နေတာပါလိမ့်?
ခုတင်၏ညာဘက်အစွန်းလေးတွင်ရှိနေသည့်စောင်ပုံကြီးထဲတွင် သူမ၏ခန္ဓာကိုယ်လေးကနစ်မြုပ်လို့နေသည်။
သူမနားသို့ပို၍ နီးကပ်စွာကြည့်လိုက်သည်။သူမနဖူးစပ်မှာချွေးအနည်းငယ်စို့လို့နေသည်။နောက်ပြီးအသက်ရှူနှုန်းကသာမာန်ထက်ပို၍မြန်မြန်လာကာ ရှိုက်သံအနည်းငယ်ကိုလည်းကြားနေရသည်။သူမ၏လက်ပေါက်စလေးများကလည်း စောင်အစွန်းကိုလည်းတင်းနေအောင်စုတ်ကိုင်ထားသေးသည်။
သူမရဲ့အသက်ရှူသံကတဖြည်းဖြည်း ပို၍ပြင်းထန်လို့လာသည်။သူမကိုနိုးလိုက်သင့်လား? ဒါမှမဟုတ်ဒါကသူမဖြစ်နေကျပုံမှန်အခြေအနေလား...?
မဟုတ်ဘူး ပထမနေ့တူတူအိပ်ကြတုန်းကဒီလိုမဖြစ်ဘူး။သူမကိုနိုးရန်လက်လှမ်းလိုက်သော်လည်း အရိပ်ပင်မပေါ်သည့်ဝိညာဉ်တစ်ကောင်၏လက်ဖြစ်နေတာကြောင့်ပြန်၍ရုတ်သိမ်းလိုက်ရသည်။
YOU ARE READING
𝙊𝙝 𝙈𝙮 𝙂𝙝𝙤𝙨𝙩