Part-7

467 50 12
                                    

#Unicode

ထို့နောက် Jen နှင့်သူ့ရဲ့ကြားကို တိတ်ဆိတ်မှုများဝင်ရောက်လာပြန်သည်။

"Jen,မီးသီးရပြီ။Oppa တစ်ခါတည်းတပ်သွားပေးရမလား?"

တိုက်ခန်းငယ်လေးအတွင်း၌ တိတ်ဆိတ်မှုလေထုကြီးက မိနစ်ခန့်အနည်းငယ်ကြီးစိုးပြီးနောက် Jisoo Oppa ကမီးသီးဝယ်လာသည့် အထုပ်ငယ်လေးကိုင်လာကာ ဝင်လာသည်။

"Jen ကိုယ့်ကိုဘဲလုပ်လိုက်တော့မယ်။Oppa ကိုဒီနေ့အလုပ်တွေအများကြီးပေးမိသွားပြီထင်တယ် မိုးချုပ်နေပြီ Oppa အိမ်ပြန်တော့လေ"

ဒီနေ့ Jisoo Oppa ကိုအများကြီးအလုပ်ရှုပ်စေပြီးပြီမလို့ အိမ်အတင်းပြန်လွှတ်လိုက်သည်။

Jisoo ဝယ်လာပေးသည့်မီးသီးကိုကိုင်ရင်း Jen ဖြုတ်ရမည့်မီးသီးကိုမော့ကြည့်မိသည်။

"အမြင့်ကြီးဘဲ..."

ကိုယ့်အရပ်အကြောင်းကိုယ်မသိသလိုဖြင့် Soo Oppa ကိုအိမ်ပြန်ခိုင်းမိလိုက်သည်။

အခုမှတော့ ကိုယ့်ကိုဘဲအားကိုးရတော့မှာဖြစ်တာကြောင့် မီးဖိုချောင်မှာခပ်မြင့်မြင့်ထိုင်ခုံတစ်လုံးကိုဧည့်ခန်းထဲသို့ဆွဲယူလာကာ ထိုပေါ်သို့ခက်ခက်ခဲခဲတက်လိုက်သည်။

အရပ်ပုတုတုဖြင့် သူမကထိုင်ခုံမြင့်ကြီးကို ဧည့်ခန်းသို့မနည်းဆွဲကာယူလာသည်။နောက်ပြီးထိုပေါ်သို့တက်လိုက်သေးသည်။

"Yaa Kim Jennie, မင်းလုပ်တတ်တာသေချာလား ငါကူညီပေးရမလား?"

"မလိုပါ...ဘူး သေ...သေချာပေါက် လုပ်တတ်တာပေါ့"

ခပ်တည်တည်ဖြင့် ဝိညာဉ်ကောင်အားပြောလိုက်ကာ ခုံပွေသို့တက်လိုက်သည်။ခုံပေါ်ရောက်သည်နှင့် ဒူးများကစတင်၍တုန်ရီလာတော့သည်။ထို့နောက် မီးသီးက်ိုဖြုတ်ရန်လက်ကိုဆန့်လိုက်သည်။

မီးသီးကိုထိဖို့ နည်းနည်းလေးလိုနေတာကြောင့် Jen ခြေပြားထောက်ကာ ရပ်လိုက်သည်။

"Yaa Kim Jennie!"

ကိုယ့်ရဲ့ အော်သံနှင့်အတူ သူမကထိုင်ခုံပေါ်မှာ အောက်သို့ ပြုတ်ကျလာသည်။

ကိုယ်တောင်သတိမထားမိလိုက်တဲ့အခြေအနေမှာ ကိုယ်သူ့ကိုဖမ်းနိုင်လိုက်တယ်။

𝙊𝙝 𝙈𝙮 𝙂𝙝𝙤𝙨𝙩 Where stories live. Discover now