"လက်ထပ်ရမယ် ဟုတ်လားအဘွား""ကျွန်တော်ပြောပီးပီလေ လက်မထပ်ချင်သေးဘူးလို့ ခုဟာက ဟိုဘက်မိန်းကလေးကလည်း ကျွန်တော့်ထက် ၇နှစ်လောက်ငယ်တယ်လေဗျာ"
ဗြုန်းစားကြီးပြောလိုက်သော စကားကြောင့် စစ်အံ့သြ သွားရသည်။
"မင်းအဘွားတို့မျက်နှာပျက်အောင်မလုပ်နဲ့ ခုဟာကလည်း တူ ကမ္ဘာမြေခြားရဲ့ သမီးတစ်ယောက်ပဲ ကမ္ဘာမြေခြားမှာ သားနှစ်ယောက်သမီးနှစ်ယောက်ရှိတယ် ငါက မင်းနဲ့သင့်တော်မယ်ထင်တဲ့ သမီးတစ်ယောက်ကို ငါကိုယ်တိုင်ခေါင်းခေါက်ရွေးမယ်""
ဒေါ် စိန်မိုးစက် စီးပွားရေးအရ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် အသိမိတ်ဆွေလည်း ဖြစ်သည့် မောင်ကမ္ဘာမြေခြားတို့မိသားစုနှင့် တိုင်ပင်ထားပြီးသားဖြစ်သည်။ ကြိုမပြောဘဲ သေချာစီစဥ်ထားသောကြောင့် စစ်မျက်မှောင်ကြုံသွားသည်။
"ဒီတစ်ပတ်အတွင်းသွားတောင်းမယ် ငြင်းဖို့မကြိုးစားနဲ့"
အဘွားဖြစ်သူ၏တစ်ချက်မိန့်အာဏာကြောင့်မင်းစစ်သည် မယားသည့်ခေါင်းအား လက်ဖြင့်ကုပ်နေမိသည်။အမှန်ဆိုလျှင် သူအိမ်ထောင်မပြုချင်။နောက်ထပ်မည်သူ့ကိုမ ထပ်မချစ်နိုင်တော့၍ဖြစ်သည်။
သူ့ရဲ့ပထမအချစ်သည်လွဲခဲ့ရသည်။နောက်ထပ်လည်းထပ်မချစ်ချင်တော့ ။နှလုံးသားကိုသော့ခတ်ကာထားချင်သည်။👑Golden Villa👑
"ဒါဆိုမမရှေး(ရှေးရိုးကမ္ဘာ) နဲ့စေ့စပ်ပေးမှာပေါ့ ဟုတ်လား မမရှေးတော့စျေးဦးပေါက်ပီ"
မိသားစု ထမင်းဝိုင်းလေးထဲ အချိုပွဲတည်းနေကြတုန်း စကားစမြည်ပြောကြရင်းမှ မမရှေးနှင့် စေ့စပ်မည့် ကိစ္စအား ကြားတော့ အသွင်ခြား ခရင်းလေးကိုင်ထားရင်း ရယ်ပြုံးပြုံးနှင့်ဆိုသည်။ ဒေါ်ရှုမငြီးကလည်း ပန်းသီးများအား အစိတ်လေးတေစိတ်နေသည်။ ဦးကမ္ဘာမြေခြား....ရှုမငြီးနှင့် ရှေးရိုးကမ္ဘာတို့ကတဖက်၊ အသွင်ခြားနှင့် ကာရန်ခြားက တဖက်ထိုင်နေကြသည်။ ထိုစားပွဲဝိုင်းထဲမရှိသူမှာ နယ်ရှိုးသွားနေသည့် ကမ္ဘာရန်ရှင်းဖြစ်လေသည်။
![](https://img.wattpad.com/cover/254325563-288-k147823.jpg)
ESTÁS LEYENDO
ရူးခါနေအောင်ချစ်ရသူ(Completed)
Romanceမင်းစစ်သည်+အသွင်ခြား မိန်းကလေးတန်မဲ့ ဆိုးသွမ်းတဲ့ အသွင်ခြားဆိုတဲ့ကောင်မလေးက အလုပ်သရဲ ဦးတစ်ယောက်ကို ချစ်မိသွားအခါ ဦးနှလုံးသားကို ရရှိဖို့အကြိမ်ကြိမ်ကြိုးစားပါတော့သည်။