💕ရူးခါနေအောင်ချစ်ရသူ💕
အပိုင်း4
"ဟဲလို ဘွား"
"..........."
"ရောက်နေပါပီဗျ "
"............."
"ဟုတ်ကဲ့ပါဗျာ ကျွန်တော်တွေ့ခဲ့ပါ့မယ်"
".........."
"မရောက်သေးဘူး သူက ကျွန်တော်အရင်ရောက်နေတာ"
"........."
"ဟုတ်ကဲ့ ဘွား"
ခြင်းဖုန်းချ၍ ချိန်းထားသည့်ကော်ဖီဆိုင်တွင်စောင့်နေလိုက်သည်။ချိန်းထားသည့် အချိန်ကရောက်နေသည်။ ခြင်း၏ အကျင့်က ချိန်းထားတဲ့အချိန်ကွက်တိမရောက်ရင်မကြိုက်။
"နောက်ဆယ့်ငါးမိနစ်နေရင် ပြန်တော့မယ်ကွာ"
စိတ်ထဲကြိမ်းကာစောင့်နေလိုက်သည်။
ကျစ်!
"ဆောရီးပါနော် ဆယ့်ငါးမိနစ်နောက်ကျသွားလို့"
ခြင်းသူ့ရှေ့ကချာတိတ်လေးကိုကြည့်လိုက်သည်။မျက်လုံးဝိုင်းနှင့်နှာတံလေးကဖြောင့်စင်းနေသည်။မျက်တောင်ကော့လေး
နဲ့ နှုတ်ခမ်းပါးလေးကလည်းစိုရဲရဲလေး။အသားမှာဖွေးစွတ်နေပီး သူမလေးဝတ်ထားသည့်ဗေဒါရောင်ဝမ်းဆက်က လိုက်ဖက်နေပါသည်။
နက်မှောင်နေသောဆံပင်ကိုဖြစ်သလိုစည်းထားသည်။ကျောပိုးအိတ်လေးလွယ်ကာ နားဖူးပေါ်က ချွေးစီးလေးတေကျနေသည်။လိမ်းထားတဲ့ပါးကွက်လေးက ပျက်လုနီးပါး။
ဖြူဖွေးနေသော ခြေဖမိုးလေးက ကတီပါအနက်ရောင်ဖိနပ်ပါးလေးနှင့်။
ခြင်းခေါင်းဆုံးခေါင်းဆုံးကြည့်မိသည်။သူမလေးက ပထမဆုံးပါ သူငေးကြည့်ရတဲ့မိန်းကလေးတေက......။
"ဦးစစ်မှန်ခြင်း ဟုတ်တယ်မလား မိုင်ထိုင်လို့ရမလား"
"အော်...ထိုင်ပါ...ထိုင်ပါ"
"ချိန်းထားတာနောက်ကျသွားလို့ဆော်ရီးပါနော် အားနာပါတယ်ရှင့်"
"ရပါတယ်ဗျာ ဒါနဲ့ကျွန်တော်ကိုမြင်ဖူးလို့လား"
"မမြင်ဖူးဘူး ဒီဆိုင်မှာ ချိန်းလို့ရမ်းမေးတာ"
သွားသေးသေးလေးအား ဖြီး၍ ပြောပြသည့် သူမအသံက ဒေသခံမဟုတ်သည့်ရှမ်းသံဝဲဝဲနှင့်မို့ တစ်မျိုးချစ်စရာကောင်းနေလွန်းသည်။
"အော်"
ВЫ ЧИТАЕТЕ
ရူးခါနေအောင်ချစ်ရသူ(Completed)
Любовные романыမင်းစစ်သည်+အသွင်ခြား မိန်းကလေးတန်မဲ့ ဆိုးသွမ်းတဲ့ အသွင်ခြားဆိုတဲ့ကောင်မလေးက အလုပ်သရဲ ဦးတစ်ယောက်ကို ချစ်မိသွားအခါ ဦးနှလုံးသားကို ရရှိဖို့အကြိမ်ကြိမ်ကြိုးစားပါတော့သည်။
