Part-7

4.6K 175 3
                                        

💕ရူးခါနေအောင်ချစ်ရသူ💕

အပိုင်း၇

👑👑King Villa👑👑

တီ...တီ

အံစာတုံး ကားအဖြူနှင့် ခြံဝတွင်းသို့ ဝင်လာရင်ပဲ လတ်ဆတ်သည့် စံပယ်ပန်းရနံ့မျညးက သင်းပျံ့နေလေသည်။ ကားတခါးအား အမြဲ ဖွင့်ထားတတ်ပေမဲ့ ထိုရနံ့ကြောင့် စိတ်မကြည်ရဘဲ ခေါင်းကိုက်နေသူက ဒေါ်ငွေမိုးစက်။ ဒေါ်စိန်မိုးစက် ၏ တစ်ဦးတည်းသော ညီမဖြစ်သလို ယခုလက်ရှိ King Villa၏ အာဏာအား တစ်ဝက် ရရှိထားသူဖြစ်လေသည်။ (စာရေးသူ၏ စိတ်ကူးသက်သက်) လက်ရှိ မြန်မာနိုင်ငံ၏ ထိပ်တန်း အချမ်းသာဆုံး ပုဂ္ဂိုလ်များထဲက တစ်ဦးအပါအဝင်ဖြစ်လေသည်။ သို့သော် တရားရိပ် တရားဘောင်ထဲသာ ပျော်မွေ့သူမို့ ချမ်းသာမှုအား ခဝါချကာ တရားစခန်းနှင့်အိမ်ကိုသာ ဝင်ထွက်နေသူ။ သို့သော် သူမ၌လည်း အပူမီးတစ်ခုကရှိသေး၏။

"ဘွားဘွားလေး"

ဒေါ်ငွေမိုးစက် စံအိမ်သို့ဝင်ဝင်ချင်းအစ်မဖြစ်သူကိုမတွေ့သောကြောင့် အနားမာရှိနေသော အိမ်ဖော်ကောင်မလေးအား

"အစ်မရော"

"သွေးတိုးနေလို့အပေါ်ခန်းမှာ နားနေပါတယ်ရှင့်"

"အေးအေး"

ဒေါ်ငွေမိုးစက် တရားစခန်းမှ အပြန်အမဖြစ်သူ အရေးတကြီးဖုန်းခေါ်မှုကြောင့်အသည်းအသန်ပြေးလာရသည်။

"ဂျောက်"

"လာပြီလား မိငွေ""

"အမကလည်း ရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်ကြတာလဲ"

"ငါစီစဥ်တဲ့အတိုင်းဖြစ်သွားပီ"

သွေးတိုးသည်ဆိုသောကြောင့် စိတ်ပူသွားရပေမဲ့ ကုတင်ပေါ် ငေါက်ထနဲ ထထိုင်လိုက်သော အမဖြစ်သူကြောင့် ဒေါ်ငွေ မျက်လုံးတွေ ပြူးတူးပြဲတဲ ဖြစ်သွား၏။

"ဘာစီစဥ်ထားတာလည်း ကျွန်မလည်းမသိရပါလား"

"ညည်းက ညည်းမြေးပဲ အာရုံရနေတာကို"

မြေးအငယ်ဖြစ်သည့် စစ်မှန်ခြင်းအား ညွှန်ပြတော့ ဒေါ်ငွေ မျက်နှာပျက်ကာ နှာခေါင်းရှုံ့သည်။ တကယ်တမ်းတွင် မင်းစစ်သည်သည် ဒေါ်စိန်မိုးစက်၏ သားအရင်း၏ သားဖြစ်ပြီး စစ်မှန်ခြင်းက ဒေါ်ငွေမိုးစက်၏ တစ်ဦးတည်းသော သမီးဖြစ်သူ၏ တစ်ဦးတည်းသော သားဖြစ်ပြီး စစ်မှန်ခြင်းနှင့် မင်းစစ်သည်က နှစ်ဝန်းကွဲသည်။ ညီအမနှစ်ယောက်၏ ရင်နှစ်သည်းခြာတေမို့ သူတို့ မအိုမသေခင် နောက်ကြောင်းဖြောင့်အောင် ကလေးတွေအား သူတို့စိတ်တိုင်းကျ မြေးချွေးမတွေနှင့် အိမ်ထောင်ချပေးခဲ့ချင်လေသည်။

ရူးခါနေအောင်ချစ်ရသူ(Completed)Onde histórias criam vida. Descubra agora