💕ရူးခါနေအောင်ချစ်ရသူ💕
အပိုင်း၅
ရောင်စုံမီးလုံးများနှင့် ညကလပ်တစ်ခု။ လူတန်းစားပေါင်းများစွာ လာရောက်သည့် ညကလပ်တစ်ခုဖြစ်သောကြောင့် အဆင့်အတန်းက ထင်သလို မခွဲခြားနိုင်ပေ။ စတိတ်စင်ပေါ်မှ DJတီးလုံးတေအား remixလုပ်ကာ တီးပွတ်နေသူမိန်းကလေးမှာ ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေစွာ ဝင်ဆင်ထားသည်။ လှိုင်းတွန့်ဆံပင်ခရမ်းပြာတွေအား ဆံထိုးမြင့်မြင့်မြောက်စီးထားလေသည်။ တိုတိသည့် အဝတ်အစားများနှင့်ခါးတိုအကျီကြောင့် ဗိုက်သားဖွေးဖွေးအား ဂျင်းလက်ရှည်နှင့် မထိတထိဖုံးထားလေသည်။
""Du-Du-Du-Du-Du""
Remixနှင့်လိုက်စီးမျောနေကြသည့် လူပေါင်းများစွာက ကိုယ်ခန္ဓာတွေအား ကခုန်လှုပ်ရမ်းနေကြသည်။ Headphone နားကြပ်အား လက်တစ်ဖက်နှင့် နားကို ကပ်ထားပြီးမှ တီးလုံးအဆန်းတစ်ပုဒ်အား ထွင်ပေးနေသည်။ ကိုယ်လေးကလည်း ယဲ့ယဲ့လှုပ်နေကာ ခလုတ်ပေါင်းများစွာနှင့် ကီးဘုတ်အား အတိုးအလျော့လုပ်ပေးနေသည်။ တစ်ပုဒ်ပြီးသည်နှင့် စတိတ်စင်ပေါ်က ဆင်းတော့
""ဟေး အချောလေး""
ကောင်လေး ငါးယောက်လောက် သူမနား ဝိုင်းအုံလာကြသည်။
""ကိုယ်တို့နဲ့ တွဲကရအောင်လေ""
""ဘေးဖယ်""
ပါးစပ်ကပြောရင်း လက်ကလည်း သွင့် ခါးတစ်ဖက်ကို လာထိသောကြောင့် ခပ်ပြတ်ပြတ်ပြောလွှတ်လိုက်သည်။
""အလို.....အချောလေးက အစွာလေးပဲ လာပါကိုယ်တို့နဲ့တွဲကရအောင်""
သွင်လည်းသူမ ပုခုံးအား လာဖက်သောကြောင့် ဒေါသက ထောင်းကနဲ။
ယိသဲ့သဲ့လာ ထိနေကြသော ယောက်ျားလေးများကြောင့် လက်က တစ်ခါတည်းပါပြီးသား။
"ဖြန်း"
"အ.....မင်း"
"ဖြန်း....ဖြန်း"
"ခွပ်"
အသွင်ခြားလက်ဆ ဘယ်လောက်ပြင်းလဲမသိ ထိုလူရဲ့ပါးတော့ရဲတွတ်နေသည်။ထိုလူက စိတ်တိုသောကြောင့် ပြန်လုပ်ရန် လက်ရွယ်လိုက်စဥ် ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ အကိုရန်က ထိုလူကိုဆွဲထိုးလိုက်သည်။
ВЫ ЧИТАЕТЕ
ရူးခါနေအောင်ချစ်ရသူ(Completed)
Любовные романыမင်းစစ်သည်+အသွင်ခြား မိန်းကလေးတန်မဲ့ ဆိုးသွမ်းတဲ့ အသွင်ခြားဆိုတဲ့ကောင်မလေးက အလုပ်သရဲ ဦးတစ်ယောက်ကို ချစ်မိသွားအခါ ဦးနှလုံးသားကို ရရှိဖို့အကြိမ်ကြိမ်ကြိုးစားပါတော့သည်။
